back

ပြိုင်ပွဲစည်းကမ်းနှင့်မညီသည့်ကစားသမားများအသုံးပြုခဲ့သည့် ULAD နှင့် SHWE PYI THAR တို့၏ပွဲရလဒ်များပယ်ဖျက်ပြီး ရာသီဝက်မပြီးခင်ပြန်ကစားရမည်

Jan 03 • 12:35 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ပြိုင်ပွဲစည်းကမ်းနှင့်မညီသည့်ကစားသမားများအသုံးပြုခဲ့သည့် ULAD နှင့် SHWE PYI THAR တို့၏ပွဲရလဒ်များပယ်ဖျက်ပြီး ရာသီဝက်မပြီးခင်ပြန်ကစားရမည်

လက်ရှိကျင်းပလျက်ရှိသည့် GLAN Master FutsalLeague2 ပြိုင်ပွဲ၏ အဖွင့်ပွဲစဥ်အဖြစ်ကစားခဲ့ကြသည့်ပွဲများအနက်ပြိုင်ပွဲစည်းကမ်းနှင့်မညီသည့်ကစားသမားများအသုံးပြုခဲ့သည့် U...

လက်ရှိကျင်းပလျက်ရှိသည့် GLAN Master FutsalLeague2 ပြိုင်ပွဲ၏ အဖွင့်ပွဲစဥ်အဖြစ်ကစားခဲ့ကြသည့်ပွဲများအနက်ပြိုင်ပွဲစည်းကမ်းနှင့်မညီသည့်ကစားသမားများအသုံးပြုခဲ့သည့် ULAD နှင့် SHWE PYI THAR တို့၏ပွဲရလဒ်များပယ်ဖျက်ပြီး ရာသီဝက်မပြီးခင်ပြန်ကစားရမည်ဟု စည်းကမ်းထိန်းသိမ်းရေးကော်မတီကဆုံးဖြတ်ခဲ့သည်ဟု သိရှိရသည်။အဆိုပါပွဲစဥ်တွင် ULADအသင်းမှာGalaxy.အသင်းကို ၅-၂ ဂိုးဖြင့် အနိုင်ရ ခဲ့ရာ ULADအသင်းမှာ Qualifer ပြိုင်ပွဲဝင်ခဲ့သည့်SGF အသင်းမှ ကစားသမားကိုအသုံးပြု ခဲ့ရာပြိုင်ပွဲကျင်းပရေးစည်းမျဥ်းနှင့်မညီညွတ်သည့်အတွက်ယင်းပွဲရလဒ်ကိုပယ်ဖျက်ပြီးရာသီဝက်မပြီးခင်ပြန်ကစားရန်နှင့် ဒဏ်ငွေကျပ်ငါးသိန်းပြစ်ဒဏ်ချမှတ်ခဲ့သည်။ SHWEPYITHARနှင့် YRG ACADEMY တို့ပွဲတွင်လည်းSHWE PYITHARအသင်းမှာ Qualifier ပွဲစဉ် ကစားခဲ့ သည့်Futsal Chit Thu မှကစားသမားကို အသုံးပြုခဲ့သည့်အတွက်ULADအသင်းကဲ့သို့ ပွဲရလဒ်ကိုပယ်ဖျက်ပြီးရာသီဝက်မပြီးခင်ပြန်ကစားရန်နှင့် ဒဏ်ငွေကျပ်ငါးသိန်းပြစ်ဒဏ်ချမှတ်ခဲ့သည်ဟုသိရသည်။ အဆိုပါကစားသမားများမှာလည်းရာသီအပြီးထိ ကစားခွင့်ရမည်မဟုတ်ကြောင်းထုတ်ပြန်ချက်အရသိရှိရသည်။


news-view-count-icon

18