ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ ဖော့ကန်ဘူတာနှင့် ရွာမဘူတာကြားတွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက် နံနက်ပိုင်းက အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦး ရထားတိုက်မိကာ သေဆုံးမှု ဖြစ်ပွားခဲ့သည်။ သေဆုံးသူမှာ ရထားလမ်းဘေးတွင် အဟောင်းပစ္စည်းဆိုင်ဖွင့်ထားသူဖြစ်ပြီး အခင်းဖြစ်ပွားချိန်တွင် ၎င်း၏အိမ်မွေးခွေးများကို အစာကျွေးရင်း မောင်းနှင်ရာမှ ရထားနှင့် တိုက်မိခြင်းဖြစ်နိုင်ကြောင်း ကနောင်လူမှုကူညီရေးအသင်းက သုံးသပ်ပြောကြားသည်။ အဆိုပါမတော်တဆမှုကြောင့် အမျိုးသားမှာ ဦးခေါင်းနှင့် မေးရိုးတို့တွင် ပြင်းထန်သောဒဏ်ရာများရရှိကာ နေရာ၌ပင် သေဆုံးသွားခဲ့ခြင်းဖြစ်ပြီး ရုပ်အလောင်းကို အင်းစိန်ဆေးရုံသို့ ပို့ဆောင်ထားကာ မည်သည့်ရထားနှင့် တိုက်မိခဲ့သည်ကိုမူ အတည်ပြုနိုင်ရန် စုံစမ်းဆဲဖြစ်ကြောင်း သိရှိရပါသည်။
Jan 02 • 4:53 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 66 | 0 | 0 | 0 |


