ထိုင်းနိုင်ငံ၊ အယုဒ္ဓယမှ ဖိချဘွန်သို့ အလည်အပတ်သွားရောက်သည့် မြန်မာနိုင်ငံသားများကို တင်ဆောင်လာသော ဗင်ကားတစ်စီးသည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက် နံနက်အစောပိုင်းက ဆာရာဘူရီ-လွန်ဆတ် အဝေးပြေးလမ်းမကြီးပေါ်တွင် လမ်းချော်တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်။ အဆိုပါဖြစ်စဉ်ကြောင့် ကားပေါ်ပါ မြန်မာနိုင်ငံသား ၁၂ ဦး ဒဏ်ရာရရှိခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့များက သီရိသက်ဆေးရုံသို့ အမြန်ပို့ဆောင်ကုသပေးခဲ့ရသည်။ လက်ရှိတွင် ရဲတပ်ဖွဲ့က ယာဉ်မောင်းအပါအဝင် ခရီးသည်များ၏ အမည်စာရင်းနှင့် ယာဉ်တိမ်းမှောက်ရသည့် အကြောင်းရင်းကို ဆက်လက်စုံစမ်းစစ်ဆေးနေကြောင်း သိရှိရပါသည်။
Jan 02 • 4:52 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 37 | 0 | 0 | 0 |


