back

အာဖရိကဖလားတွင် ရလဒ်ဆိုးရွားခဲ့သည့် ဂါဘွန်လက်ရွေးစင်အသင်းကို အစိုးရက နည်းပြအဖွဲ့ဖျက်သိမ်းကာ ကစားသမားများကိုပါ အရေးယူ

Jan 02 • 4:50 AM

breaking-news

မြန်မာ

ပြည်ပ

cover

အာဖရိကဖလားတွင် ရလဒ်ဆိုးရွားခဲ့သည့် ဂါဘွန်လက်ရွေးစင်အသင်းကို အစိုးရက နည်းပြအဖွဲ့ဖျက်သိမ်းကာ ကစားသမားများကိုပါ အရေးယူ

၂၀၂၅ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲတွင် အုပ်စုအဆင့် (၃) ပွဲစလုံး ရှုံးနိမ့်ခဲ့သည့် ဂါဘွန်လက်ရွေးစင်အသင်းအား ဂါဘွန်အစိုးရက ပြင်းထန်စွာ အရေးယူလိုက်ပြီး နည်းပြအဖွဲ...

၂၀၂၅ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲတွင် အုပ်စုအဆင့် (၃) ပွဲစလုံး ရှုံးနိမ့်ခဲ့သည့် ဂါဘွန်လက်ရွေးစင်အသင်းအား ဂါဘွန်အစိုးရက ပြင်းထန်စွာ အရေးယူလိုက်ပြီး နည်းပြအဖွဲ့ကို ဖျက်သိမ်းကာ အသင်းအား ယာယီရပ်ဆိုင်းထားလိုက်ကြောင်း သိရသည်။ ဂါဘွန်အသင်းသည် ကင်မရွန်း၊ မိုဇမ်ဘစ်နှင့် အိုင်ဗရီကို့စ်အသင်းတို့ကို ရှုံးနိမ့်ကာ ပြိုင်ပွဲမှ အစောကြီးထွက်ခဲ့ရသဖြင့် အားကစားဝန်ကြီးဌာနက နိုင်ငံဂုဏ်သိက္ခာကျဆင်းစေမှုဖြင့် နည်းပြ မိုယူမာကို ရာထူးမှ ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် အဓိကတိုက်စစ်မှူး အူဘာမီယန်းနှင့် အသင်းခေါင်းဆောင် မန်ဂါတို့ကိုလည်း နောက်နောင် လက်ရွေးစင်အသင်းတွင် ရွေးချယ်ခြင်းမပြုရန် ပိတ်ပင်လိုက်ရာ အဆိုပါဝါရင့်ကစားသမားနှစ်ဦးမှာ လက်ရွေးစင်ဘဝမှ အနားယူရမည့် အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း သိရှိရပါသည်။

news-view-count-icon

36