back

ပဲခူးတိုင်းအတွင်း မြို့နယ် ၁၂ မြို့နယ်၌ ဒုတိယအဆင့် ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်လျက်ရှိ

Jan 02 • 4:13 AM

breaking-news

မြန်မာ

ပဲခူး

cover

ပဲခူးတိုင်းအတွင်း မြို့နယ် ၁၂ မြို့နယ်၌ ဒုတိယအဆင့် ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်လျက်ရှိ

ပဲခူးတိုင်းဒေသကြီးအတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၏ ဒုတိယအဆင့် ကို မြို့နယ် ၁၂ မြို့နယ်၌ ကျင်းပသွားမည်ဖြစ်ရာ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်...

ပဲခူးတိုင်းဒေသကြီးအတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၏ ဒုတိယအဆင့် ကို မြို့နယ် ၁၂ မြို့နယ်၌ ကျင်းပသွားမည်ဖြစ်ရာ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်တွင် ပြုလုပ်ခဲ့သည်။ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မဲပေးရာတွင် မြန်ဆန်ချောမွေ့စေရန် မဲစာရင်းအမှတ်စဉ်များကို ပြည်သူများလက်ဝယ်အရောက် ကြိုတင်ဖြန့်ဝေထားရန်နှင့် မဲရုံပြင်ပတွင် Laptop၊ Mobile Phone များဖြင့် မဲစာရင်းရှာဖွေပေးရန် မှာကြားခဲ့သည်။ လက်ရှိတွင် သက်ဆိုင်ရာမြို့နယ်များအတွက် အီလက်ထရောနစ်မဲပေးစက် (MEVM) များ ဖြန့်ခွဲထားရှိပြီးဖြစ်ကာ မဲပေးသူများပြားသည့် မဲရုံများတွင် စက်များထပ်မံတပ်ဆင်ပေးမည်ဖြစ်သည့်အပြင် မဲရုံတာဝန်ကျဝန်ထမ်းများကိုလည်း လုပ်ငန်းစဉ်အဆင့်ဆင့် နားလည်စေရန် မွမ်းမံသင်တန်းများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

23