back

ပျဉ်းမနားမြို့မှ မီးဘေးသင့်ပြည်သူ ၃၀၀ ကျော်အတွက် ငွေကျပ် ၂၅၇ သိန်းတန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့

Jan 02 • 3:06 AM

breaking-news

မြန်မာ

နေပြည်တော်

cover

ပျဉ်းမနားမြို့မှ မီးဘေးသင့်ပြည်သူ ၃၀၀ ကျော်အတွက် ငွေကျပ် ၂၅၇ သိန်းတန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့

နေပြည်တော်၊ ပျဉ်းမနားမြို့၊ ရန်အောင် (၂) ရပ်ကွက်ရှိ မီးဘေးသင့်ပြည်သူ (၃၀၈) ဦးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ စုစုပေါင်းငွေကျပ...

နေပြည်တော်၊ ပျဉ်းမနားမြို့၊ ရန်အောင် (၂) ရပ်ကွက်ရှိ မီးဘေးသင့်ပြည်သူ (၃၀၈) ဦးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ စုစုပေါင်းငွေကျပ် (၂၅၇) သိန်းခန့် တန်ဖိုးရှိ ထောက်ပံ့ငွေနှင့် ပစ္စည်းများကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီးက ကိုယ်တိုင်သွားရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။ အဆိုပါထောက်ပံ့မှုတွင် ဆန်ရိက္ခာဖိုး၊ အိမ်ပျက်စီးမှုအတွက် ထောက်ပံ့ကြေးများအပြင် အိမ်အသုံးအဆောင်၊ တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်း၊ ရေသန့်နှင့် ခေါက်ဆွဲခြောက်များ ပါဝင်ခဲ့ပြီး ဆောင်းရာသီကာလဖြစ်သဖြင့် နွေးထွေးစွာ အိပ်စက်နိုင်ရန် နေပြည်တော်ကောင်စီနှင့် ညှိနှိုင်း၍ အိပ်ရာခင်းနှင့် စောင်များကိုပါ အမြန်ဆုံးစီစဉ်ပေးခဲ့သည်။ ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် မီးလောင်ပြင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကာ ကယ်ဆယ်ရေးစခန်းတွင် နေထိုင်စဉ်အတွင်း နေ့စဉ်စားသောက်ရေး အဆင်ပြေစေရန် ဒေသအုပ်ချုပ်ရေးအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

news-view-count-icon

43