ထိုင်းနိုင်ငံ၊ ချွန်ဘူရီပြည်နယ်၌ ရေတပ်အရာရှိတစ်ဦးက အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးအား အိမ်လိုက်ပို့မည်ဟုဆိုကာ ကားပေါ်တွင် အဓမ္မပြုကျင့်ပြီးနောက် အဝတ်ဗလာဖြင့် ကားနောက်ခန်းတွင်တင်ကာ ပစ်ထားခဲ့သည့်ဖြစ်စဉ်တစ်ခု ဒီဇင်ဘာလကုန်ပိုင်းက ဖြစ်ပွားခဲ့သည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ နစ်နာသူအမျိုးသမီးက Sattahip ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ရာ ထိုင်းရေတပ်ဘက်က ကျူးလွန်သူမှာ မိမိတို့အရာရှိမှန်ကန်ကြောင်းနှင့် အကာအကွယ်ပေးမည်မဟုတ်ကြောင်း အတည်ပြုပြောကြားခဲ့သော်လည်း နောက်ဆုံးတွင် ကျူးလွန်သူဘက်က နစ်နာကြေးအဖြစ် ဘတ် ၁ သိန်း ၈ သောင်း ပေးလျော်ရန် သဘောတူညီခဲ့သဖြင့် အမျိုးသမီးက အမှုကို ပြန်လည်ရုပ်သိမ်းကျေအေးပေးလိုက်ကြောင်း သိရှိရပါသည်။
Jan 02 • 3:05 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 13 | 0 | 0 | 0 |


