back

ပြည်တွင်းရပ်ကွက်ဈေးကွက်၌ ဆန်ဈေးနှုန်းများ တည်ငြိမ်နေပြီး ပဲဆီဈေးနှုန်း အနည်းငယ်ပြန်ကျလာ

Jan 02 • 2:52 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပြည်တွင်းရပ်ကွက်ဈေးကွက်၌ ဆန်ဈေးနှုန်းများ တည်ငြိမ်နေပြီး ပဲဆီဈေးနှုန်း အနည်းငယ်ပြန်ကျလာ

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့ရှိ ပြည်တွင်းရပ်ကွက်ဈေးများတွင် ဆန်ဈေးနှုန်းများမှာ တစ်ဆိုင်နှင့်တစ်ဆိုင် အနည်းငယ်ကွဲပြားမှုရှိသော်လည်း ယေဘုယျအားဖြင့် တည်ငြိမ်လျ...

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့ရှိ ပြည်တွင်းရပ်ကွက်ဈေးများတွင် ဆန်ဈေးနှုန်းများမှာ တစ်ဆိုင်နှင့်တစ်ဆိုင် အနည်းငယ်ကွဲပြားမှုရှိသော်လည်း ယေဘုယျအားဖြင့် တည်ငြိမ်လျက်ရှိကာ စားသုံးသူများပြားသည့် ပေါ်ဆန်းမွှေးဆန်အမျိုးအစားများမှာ တစ်ပြည်လျှင် ၅,၅၀၀ ကျပ်မှ ၈,၅၀၀ ကျပ်အထိ အမျိုးအစားအလိုက် ပေါက်ဈေးရှိနေသည်။ အခြေခံဆန်များဖြစ်သည့် ဧရာမင်း၊ ရက် ၉၀ နှင့် ဆင်းသွယ်ဆန်များမှာ တစ်ပြည်လျှင် ၄,၅၀၀ ကျပ်မှ ၅,၂၀၀ ကျပ်အတွင်းရှိနေပြီး ရွှေဘိုပေါ်ဆန်းမှာ ၈,၅၀၀ ကျပ်အထိ ဈေးအမြင့်ဆုံးတွင်ရှိကာ ၂၄ ပြည်ဝင် တစ်အိတ်လျှင် ၉၅,၀၀၀ ကျပ်မှ ၂၀၀,၀၀၀ ကျပ်အထိ ရှိကြောင်း သိရသည်။ ဆီဈေးကွက်တွင် မြေပဲဆီမှာ တစ်ပိဿာလျှင် ၂၀,၀၀၀ ကျပ်ဝန်းကျင်သို့ ဈေးပြန်ကျလာပြီး စားအုန်းဆီမှာမူ ရည်ညွှန်းဈေး ၇,၀၀၀ ကျပ်ဝန်းကျင်ရှိသော်လည်း ပြင်ပပေါက်ဈေးမှာ တစ်ပိဿာလျှင် ၁၁,၀၀၀ ကျပ်အထိ ရှိနေဆဲဖြစ်ကြောင်း ရန်ကုန်မြို့တွင်း ဈေးကွက်သတင်းများအရ သိရှိရပါသည်။

news-view-count-icon

22