ချယ်လ်ဆီးအသင်းသည် နည်းပြဖြစ်သူ မာရက်စကာကို ပရီးမီးယားလိဂ် နောက်ဆုံး ၇ ပွဲတွင် တစ်ပွဲသာ အနိုင်ရရှိခဲ့သည့် ရလဒ်ဆိုးများအပြင် အသင်းဘုတ်အဖွဲ့နှင့် ဆက်ဆံရေး ပျက်ပြားမှုများကြောင့် ရာထူးမှ ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း အတည်ပြု ကြေညာခဲ့သည်။ မာရက်စကာသည် ၂၀၂၄ ခုနှစ်၊ ဇွန်လမှစတင်၍ ၅ နှစ်စာချုပ်ဖြင့် အသင်းကို ကိုင်တွယ်ခဲ့ပြီး တစ်နှစ်ခွဲအတွင်း ကလပ်ကမ္ဘာ့ဖလားနှင့် ကွန်းဖရန့်လိဂ်ဖလားများကို ရယူပေးနိုင်ခဲ့သော်လည်း ယခုအခါ စာချုပ်သက်တမ်း မကုန်ဆုံးမီ လမ်းခွဲခဲ့ရခြင်းဖြစ်သည်။ ချယ်လ်ဆီးအသင်းသည် လာမည့် တနင်္ဂနွေနေ့တွင် မန်စီးတီး၊ ယခုလအတွင်း အာဆင်နယ်အသင်းတို့နှင့် ရင်ဆိုင်ရမည့် ပွဲစဉ်ကြီးများ ရှိနေချိန်တွင် နည်းပြအပြောင်းအလဲကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
Jan 02 • 2:51 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 28 | 0 | 0 | 0 |


