back

ချယ်လ်ဆီးအသင်း၏ နည်းပြသစ်ဖြစ်လာရန် လီယမ်ရိုစီနီယာ ရေပန်းအစားဆုံးဖြစ်နေ

Jan 02 • 2:50 AM

breaking-news

မြန်မာ

ပြည်ပ

cover

ချယ်လ်ဆီးအသင်း၏ နည်းပြသစ်ဖြစ်လာရန် လီယမ်ရိုစီနီယာ ရေပန်းအစားဆုံးဖြစ်နေ

ချယ်လ်ဆီးအသင်းသည် နည်းပြ မာရက်စကာကို ရာထူးမှ ထုတ်ပယ်ပြီးနောက် နည်းပြသစ်အဖြစ် စထရာဘိုးအသင်း၏ နည်းပြ လီယမ်ရိုစီနီယာကို ခန့်အပ်ရန် အလားအလာအကောင်းဆုံး ဖြစ်နေကြောင်း...

ချယ်လ်ဆီးအသင်းသည် နည်းပြ မာရက်စကာကို ရာထူးမှ ထုတ်ပယ်ပြီးနောက် နည်းပြသစ်အဖြစ် စထရာဘိုးအသင်း၏ နည်းပြ လီယမ်ရိုစီနီယာကို ခန့်အပ်ရန် အလားအလာအကောင်းဆုံး ဖြစ်နေကြောင်း သိရသည်။ အသက် ၄၁ နှစ်အရွယ် လီယမ်ရိုစီနီယာ ကိုင်တွယ်နေသည့် စထရာဘိုးအသင်းမှာ ချယ်လ်ဆီးပိုင်ရှင် BlueCo ကုမ္ပဏီ၏ အသင်းခွဲတစ်ခုဖြစ်သဖြင့် ၎င်းကို နည်းပြသစ်အဖြစ် ပြောင်းလဲခန့်အပ်ရန် ပိုင်ရှင်များက စိတ်ဝင်စားနေခြင်းဖြစ်ပြီး လောင်းကစားကုမ္ပဏီများကလည်း ရေပန်းအစားဆုံးအဖြစ် (၁း၂) လေးဖြင့် ကြေးဖွင့်ထားသည်။ ၎င်း၏နောက်တွင် ဖာဘရီဂတ်စ်၊ ဖိလစ်ပီလူးဝစ်နှင့် အိုင်ရာအိုလာတို့က အသီးသီး ရေပန်းစားနေကာ ချယ်လ်ဆီးတာဝန်ရှိသူများအနေဖြင့် နည်းပြသစ်ခန့်အပ်မှုကို အမြန်ဆုံး အကောင်အထည်ဖော်ရန် ကြိုးပမ်းနေကြောင်း သိရှိရပါသည်။

news-view-count-icon

24