ထိုင်းနိုင်ငံ၊ ပတ္တယားမြို့ (Pattaya) တွင် နှစ်သစ်ကူးကာလ ခရီးသွားလုပ်ငန်းပုံရိပ်ကို ထိန်းသိမ်းရန် ရဲတပ်ဖွဲ့က နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် ကမ်းခြေ၌ လိင်ကိစ္စအတွက် ဗြောင်ကျကျကမ်းလှမ်းခဲ့သည့် နိုင်ငံခြားသူ ၈ ဦးကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက် နံနက်အစောပိုင်းက ဖမ်းဆီးလိုက်ကြောင်း သိရသည်။ ဖမ်းဆီးခံရသူများတွင် ယူဂန်ဒါနိုင်ငံသူ ၅ ဦး၊ ဥဇဘက်ကစ္စတန်နိုင်ငံသူ ၂ ဦးနှင့် မဒါဂတ်စကားနိုင်ငံသူ ၁ ဦးတို့ ပါဝင်ပြီး၊ ၎င်းတို့သည် ခရီးသွားဟန်ဆောင်ထားသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးထံ လာရောက်ကမ်းလှမ်းခဲ့ရာမှ သက်သေနှင့်တကွ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ အဆိုပါအမျိုးသမီးများကို အများပြည်သူအား စိတ်အနှောင့်အယှက်ဖြစ်စေမှုဖြင့် တစ်ဦးလျှင် ဒဏ်ငွေ ၁,၀၀၀ ဘတ် စီ ချမှတ်ခဲ့သည့်အပြင် ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်ဗီဇာများကိုပါ ဖျက်သိမ်းကာ ၎င်းတို့၏ နေရပ်နိုင်ငံများသို့ ပြည်နှင်ဒဏ်ပေးရန် စီစဉ်လျက်ရှိကြောင်း သိရှိရပါသည်။
ထိုင်း၊ ပတ္တယားကမ်းခြေတွင် လိင်ဝန်ဆောင်မှုအတွက် ကမ်းလှမ်းခဲ့သည့် နိုင်ငံခြားသူ ၈ ဦးကို ဖမ်းဆီးပြီး ပြည်နှင်ဒဏ်ပေးရန် စီစဉ်
Jan 02 • 2:48 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 23 | 0 | 0 | 0 |


