back

ပို့ကုန်ရငွေ အပြည့်အဝဝင်ရောက်ပြီးသည့် ကုမ္ပဏီ ၂၉ ခုအား အမည်မည်းစာရင်းမှ ဗဟိုဘဏ်ပယ်ဖျက်

Jan 02 • 2:47 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပို့ကုန်ရငွေ အပြည့်အဝဝင်ရောက်ပြီးသည့် ကုမ္ပဏီ ၂၉ ခုအား အမည်မည်းစာရင်းမှ ဗဟိုဘဏ်ပယ်ဖျက်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း ပို့ကုန်တင်ပို့ခဲ့သော်လည်း ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်းမရှိသဖြင့် အမည်မည်းစာရင်း (Black List) သ...

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း ပို့ကုန်တင်ပို့ခဲ့သော်လည်း ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်းမရှိသဖြင့် အမည်မည်းစာရင်း (Black List) သွင်းခံထားရသည့် ကုမ္ပဏီများအနက် ကုမ္ပဏီ ၂၉ ခုကို အဆိုပါစာရင်းမှ ယနေ့ ပြန်လည်ပယ်ဖျက်ပေးလိုက်ကြောင်း ထုတ်ပြန်ခဲ့သည်။ ယခင်က ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ရန် ပျက်ကွက်ခဲ့သည့် ကုမ္ပဏီပေါင်း ၂၈၁ ခု (၂၀၂၀ အတွက် ၂၉ ခု၊ ၂၀၂၁ အတွက် ၅၅ ခုနှင့် ၂၀၁၆-၂၀၂၀ အတွက် ၁၉၇ ခု) ကို ပြည်ထဲရေးဝန်ကြီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနတို့မှတစ်ဆင့် အမည်မည်းစာရင်းသွင်းခြင်းနှင့် ပြည်ဝင်/ထွက်ခွင့် တားဆီးခြင်းများ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ယခုအခါ အဆိုပါကုမ္ပဏီ ၂၉ ခုသည် ပို့ကုန်ရငွေများ အပြည့်အဝ ပြန်လည်ပေးသွင်းပြီးဖြစ်သဖြင့် ကုမ္ပဏီနှင့် ဒါရိုက်တာအဖွဲ့ဝင်များအပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများကို ပြန်လည်ရုပ်သိမ်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

50