အမေရိကန်နှင့် တရုတ်နိုင်ငံတို့မှ အလိုရှိနေသည့် ကျားဖျန့် (Online Scam) ထိပ်သီးခေါင်းဆောင်များသည် ကရင်နယ်ခြားစောင့်တပ် (BGF) မှ အမည်ပြောင်းလဲထားသော KNA ထိန်းချုပ်နယ်မြေအတွင်းရှိ သစ်ကတေကျေးရွာသို့ ပြောင်းရွှေ့အခြေစိုက်နေကြောင်း ဒေသခံများနှင့် သတင်းရင်းမြစ်များအရ သိရသည်။ မြဝတီမြို့ရှိ KK Park အပါအဝင် ကျားဖျန့်ရုံများကို မြန်မာ့တပ်မတော်က ဝင်ရောက်စီးနင်းဖြိုခွဲပြီးနောက် အဆိုပါလုပ်ငန်းများသည် မြဝတီမြောက်ဘက်ရှိ စောတင်ဝင်း ထိန်းချုပ်ရာ သစ်ကတေစံပြကျေးရွာသို့ ပြောင်းရွှေ့သွားခြင်းဖြစ်ပြီး ထိုနေရာတွင် တရုတ်ထိပ်သီးခေါင်းဆောင် ၄၀ ကျော်နှင့် မလေးရှားအစိုးရအဖွဲ့ဝင်ဟောင်းတစ်ဦးတို့ပါ ရောက်ရှိနေကြောင်း သိရသည်။ နိုင်ငံတကာမှ ကျားဖျန့်နှိမ်နင်းရေးဖိအားများရှိနေသဖြင့် အမေရိကန်အစိုးရက BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူနှင့် DKBA ထိပ်ပိုင်းခေါင်းဆောင်များကို ပိတ်ဆို့အရေးယူမှုများ ချမှတ်ထားသည့်အပြင် FBI နှင့် DOJ တို့ပါဝင်သော အထူးနှိမ်နင်းရေးအဖွဲ့ (Scam Centre Strike Force) ကိုလည်း ဖွဲ့စည်းထားသည်။ တရုတ်အစိုးရကလည်း ထွက်ပြေးလွတ်မြောက်နေသည့် ကျားဖျန့်ဂိုဏ်းဝင် ၁၀၀ ဦးကို ဆုကြေးငွေဖြင့် ဖမ်းဝရမ်းထုတ်ထားသော်လည်း ယခုအခါ အဆိုပါလုပ်ငန်းများသည် မြန်မာနိုင်ငံတောင်ပိုင်း နယ်စပ်ဒေသများသို့ ပြောင်းရွှေ့ခိုလှုံကာ လုံခြုံရေးတင်းကြပ်စွာဖြင့် ဆက်လက်လည်ပတ်နေခြင်းဖြစ်ကြောင်း သိရှိရပါသည်။
အမေရိကန်နှင့် တရုတ်နိုင်ငံတို့မှ အပူတပြင်းရှာဖွေနေသည့် ကျားဖျန့်ခေါင်းဆောင်များ KNA ထိန်းချုပ်နယ်မြေတွင် ခိုလှုံနေ
Jan 02 • 2:46 AM
မြန်မာ
ကရင်
မျှဝေမည်
| 39 | 0 | 0 | 0 |


