back

ကျန်းမာရေးအထောက်အကူပြု ပေါင်းဆန်ကို အိမ်အရောက်ပို့စနစ်ဖြင့် ရောင်းချရန် စီစဉ်နေ

Jan 02 • 3:11 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ကျန်းမာရေးအထောက်အကူပြု ပေါင်းဆန်ကို အိမ်အရောက်ပို့စနစ်ဖြင့် ရောင်းချရန် စီစဉ်နေ

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်သည် ပြည်ပသို့ အဓိကတင်ပို့နေသည့် ကျန်းမာရေးအထောက်အကူပြု ပေါင်းဆန်များကို ပြည်တွင်းစားသုံးသူများ ပိုမိုလက်လှမ်းမီစေရန် အိမ်အရောက်ပို...

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်သည် ပြည်ပသို့ အဓိကတင်ပို့နေသည့် ကျန်းမာရေးအထောက်အကူပြု ပေါင်းဆန်များကို ပြည်တွင်းစားသုံးသူများ ပိုမိုလက်လှမ်းမီစေရန် အိမ်အရောက်ပို့စနစ် (Home Delivery) သို့မဟုတ် လက်လီဆိုင်များမှတစ်ဆင့် ဖြန့်ဖြူးရောင်းချနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေကြောင်း သိရသည်။ လက်ရှိတွင် ပေါင်းဆန်၊ ဆန်လုံးညိုနှင့် အားဖြည့်ဆန်များသည် ပြည်တွင်းဈေးကွက်၌ ဝယ်လိုအားနည်းနေသေးသဖြင့် ဈေးကွက်ချဲ့ထွင်ရန် လိုအပ်နေခြင်းဖြစ်ပြီး၊ အဓိကအားဖြင့် ဥရောပဈေးကွက်သို့သာ အများဆုံးတင်ပို့နေရခြင်းဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆန်ဈေးနှုန်းတည်ငြိမ်စေရန်အတွက် ရွှေဘိုပေါ်ဆန်းအပါအဝင် ဆန် (၇) မျိုးကို အိမ်အရောက်ပို့စနစ်ဖြင့် စတင်ရောင်းချပေးနေပြီဖြစ်ရာ၊ အဆိုပါစနစ်တွင် ပေါင်းဆန်ကိုပါ ထည့်သွင်းဖြန့်ဖြူးခြင်းဖြင့် ပြည်တွင်းစားသုံးမှုနှုန်း မြင့်တက်လာရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

32