မြန်မာ့လက်ဖက်အစိုကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် ယူနက်စကိုတင်သွင်းရန် လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံလက်ဖက်အသင်း (ရန်ကုန်) မှ သိရသည်။
လက်ရှိတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့၊ မြန်မာနိုင်ငံလက်ဖက်အသင်း (ရန်ကုန်) တို့ ပူးပေါင်းကာ ယူနက်စကို သတ်မှတ်ပုံစံ ICH-02 Form ဖြည့်သွင်းလုပ်ဆောင်နေပြီး Consent Letter and Video၊ Statement Letter and Video ကိစ္စများအတွက်လည်း လုပ်ဆောင်နေကြောင်း သိရသည်။ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းအဖြစ် တင်သွင်းနိုင်ရေး မြန်မာနိုင်ငံက ကွန်ဗင်းရှင်းတွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ၂၀၁၄ ခုနှစ် ဧပြီ ၇ ရက်က ပါဝင်လက်မှတ်ရေးထိုးထားသည်။



