back

မတ္တရာမြို့ အမှတ်(၂)ရပ်ကွက် ပျံကျဈေးတွင် မီးလောင်မှုဖြစ်ပွား

Jan 02 • 2:12 AM

breaking-news

မြန်မာ

မန္တလေး

cover

မတ္တရာမြို့ အမှတ်(၂)ရပ်ကွက် ပျံကျဈေးတွင် မီးလောင်မှုဖြစ်ပွား

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ မြနန္ဒာလမ်းပေါ်တွင် တည်ရှိသော ပျံကျဈေး၌ ယနေ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့ နံနက်အစောပိုင်း ၄ နာရီ ၂၈ မိန...

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ မြနန္ဒာလမ်းပေါ်တွင် တည်ရှိသော ပျံကျဈေး၌ ယနေ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်နေ့ နံနက်အစောပိုင်း ၄ နာရီ ၂၈ မိနစ်ဝန်းကျင်တွင် မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။မီးလောင်မှုသတင်းရရှိသည်နှင့်တစ်ပြိုင်နက် မတ္တရာမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၂) စီး၊ မီးသတ်ရေသယ်ယာဉ် (၂) စီးတို့ဖြင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက အချိန်မီသွားရောက် ငြှိမ်းသတ်ခဲ့ကြသည်။ ထိုသို့ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့မှုကြောင့် နံနက် ၄ နာရီ ၄၀ မိနစ်တွင် မီးလုံးဝငြိမ်းသတ်နိုင်ခဲ့ပြီး မီးကူးစက်မှုဒဏ်ကို ၁၂ မိနစ်အတွင်း ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရှိရပါသည်။

news-view-count-icon

26