back

ရှမ်းပြည်နယ် မြောက်ပိုင်းရှိ သီပေါတံတားကို ရက်ပိုင်းအတွင်း ပြန်ဖွင့်နိုင်ဖို့ ပြင်ဆင်နေ

Jan 01 • 8:40 AM

breaking-news

မြန်မာ

ရှမ်း

breaking-news
cover

ရှမ်းပြည်နယ် မြောက်ပိုင်းရှိ သီပေါတံတားကို ရက်ပိုင်းအတွင်း ပြန်ဖွင့်နိုင်ဖို့ ပြင်ဆင်နေ

ဖြတ်သန်းသွား လာခွင့် ပိတ်ထားတာ ရက်ပေါင်း ၅၀ နီးပါး ရှိလာပြီဖြစ်တဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း ၊ သီပေါမြို့နယ် ၊ သီပေါတံတားကို ယခုရက်ပိုင်း အတွင်း ပြန်လည် ဖွင့်လ...

ဖြတ်သန်းသွား လာခွင့် ပိတ်ထားတာ ရက်ပေါင်း ၅၀ နီးပါး ရှိလာပြီဖြစ်တဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း ၊ သီပေါမြို့နယ် ၊ သီပေါတံတားကို ယခုရက်ပိုင်း အတွင်း ပြန်လည် ဖွင့်လှစ်နိုင်ဖို့အတွက် ပြင်ဆင်မှု တွေပြုလုပ် နေပြီ ဖြစ်တယ်လို့ သိရပါတယ်။ သီပေါတံတား ပြန်ဖွင့်ဖို့အတွက် လက်ရှိ တံတားပေါ် သွားရာ လမ်းထိပ်မှာ ကာရံထားတဲ့ အတားအဆီး တွေကို ဒီကနေ့ ဇန်နဝါရီ ၁ ရက်နေ့ မှာ စတင်ဖယ်ရှား နေပြီ ဖြစ်တယ်လို့ သိရပါတယ်။ " တံတားဖွင့်ဖို့ အတွက် ဒီနေ့ တံတားကို သွားခဲ့တယ် ။ တွေ့ဆုံခဲ့တယ်။.ဒီမနက် အတားအဆီးတွေကို စပြီး ဖယ်နေပါပြီ။ တံတားကို ခုရက်ပိုင်းအတွင်း ဖွင့်ဖို့ လုပ်နေပါတယ်။ ဒီနေ့ ပဲစဖွင့်မလား ဆိုတာတော့ မပြောနိုင်ဘူး ။ အခြေအနေကို စောင့်ကြည့်ပြီး မကြာခင် ဖွင့်မှာပါ။ ရွေးကောက်ပွဲကလည်း အဲဒီဘက်အခြမ်းက ရွာတွေမှာ လုပ်ဖို့ရှိတော့ တံတားက ခုရက်ပိုင်းအတွင်း ဖွင့်ဖို့ များပါတယ်။ " လို့ သီပေါမဲဆန္ဒနယ် ကနေ ဝင်ရောက် ယှဥ်ပြိုင်မယ့် ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ(ကျားဖြူ) ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ကပြောပါတယ် ။ သီပေါမြို့နယ်ထဲက ရွေးကောက်ပွဲကျင်းပမယ့် ကျေးရွာတွေ ထပ်တိုးလာ တဲ့အတွက် အဲဒီကျေးရွာ တွေကို သွားရောက်ပြီး လူထုနဲ့ တွေ့ဆုံကာ မဲဆွယ် စည်းရုံးနိုင်ဖို့ နဲ့ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ဖို့အတွက် သီပေါတံတား က မဖြစ်မနေ ပြန်ဖွင့်ဖို့ လိုအပ်တာ ကလည်း အကြောင်းအရင်း တခု ဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ သီပေါတံတား ကနေ လူတိုင်းအားလုံး နီးပါးကို လမ်းလျှောက် ဖြတ်သန်းသွားလာ ခွင့်ပြုပေးနေပြီး တံတား တရားဝင် ပြန်လည် ဖွင့်လှစ်ပါက ကား ၊ ဆိုင်ကယ် မကျန် အားလုံး ဖြတ်သန်း ခွင့်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။




news-view-count-icon

45