back

မန္တလေး-မတ္တရာ-စဉ့်ကူး-သပိတ်ကျင်းလမ်းကြောင်း ပြန်လည်ဖွင့်လှစ်

Jan 01 • 8:32 AM

breaking-news

မြန်မာ

မန္တလေး

breaking-news
cover

မန္တလေး-မတ္တရာ-စဉ့်ကူး-သပိတ်ကျင်းလမ်းကြောင်း ပြန်လည်ဖွင့်လှစ်

မန္တလေး-မတ္တရာ-စဉ့်ကူး-သပိတ်ကျင်းလမ်းကြောင်းကို အပြည့်အဝစိုးမိုးပြီး ပြန်လည်ထိန်းချုပ်ဖွင့်လှစ်နိုင်ပြီဖြစ်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။ ၂၀၂၅ခုနှစ် ဇူလိုင်၂၃ရက်မ...

မန္တလေး-မတ္တရာ-စဉ့်ကူး-သပိတ်ကျင်းလမ်းကြောင်းကို အပြည့်အဝစိုးမိုးပြီး ပြန်လည်ထိန်းချုပ်ဖွင့်လှစ်နိုင်ပြီဖြစ်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။ ၂၀၂၅ခုနှစ် ဇူလိုင်၂၃ရက်မှာ သပိတ်ကျင်းမြို့နဲ့ ဒေသတစ်ဝိုက်၊ ဩဂုတ်လ၂၄ရက်မှာ မတ္တရာမြို့နယ်ရှိ ဖယောင်းတောင် သတ္တုတွင်းဒေသ၊ ဩဂုတ်၂၈ရက်မှာ အယ်လ်ဖာဘိလပ်မြေစက်ရုံတစ်ဝိုက်၊ နိုဝင်ဘာ၇ရက်မှာ ဆည်တော်ကြီးကျေးရွာနဲ့ ရေလှောင်တမံ၊ ဒီဇင်ဘာ၁၉ရက်မှာ စဉ့်ကူးမြို့နဲ့ အနီးတစ်ဝိုက်တို့ကို အပြီးတိုင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာြဖစ်တယ်လို့ ဆိုပါတယ်။ ဒီဇင်ဘာ၃၁ရက်မှာတော့ မန္တလေး-မတ္တရာ-စဉ့်ကူး-သပိတ်ကျင်းလမ်းကြောင်းကို ပြန်လည်ဖွင့်လှစ်နိုင်ကာ ဒေသခံတွေနဲ့ ခရီးသွားပြည်သူတွေ လုံခြုံစိတ်ချစွာ သွားလာနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။




news-view-count-icon

55