back

ထိုင်းမှာ ရွေးကောက်ပွဲလာမည့်၂၀၂၆ ခုနှစ်ရဲ့ဖေဖော်ဝါရီ ၈ ရက်နေ့ လုပ်ဆောင်သွားမည်

Jan 01 • 7:39 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းမှာ ရွေးကောက်ပွဲလာမည့်၂၀၂၆ ခုနှစ်ရဲ့ဖေဖော်ဝါရီ ၈ ရက်နေ့ လုပ်ဆောင်သွားမည်

ထိုင်းနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲကြီးကို ဖေဖော်ဝါရီလ ၈ ရက်နေ့ လုပ်ဆောင်သွားမှာဖြစ်ပြီး လက်ရှိမှာတော့ ဝင်ပြိုင်မယ့်သူတွေ စာရင်းပေးနေကြပါပြီ။ ဒီဇင်ဘာ ၂၇ ရက်ကတည...

ထိုင်းနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲကြီးကို ဖေဖော်ဝါရီလ ၈ ရက်နေ့ လုပ်ဆောင်သွားမှာဖြစ်ပြီး လက်ရှိမှာတော့ ဝင်ပြိုင်မယ့်သူတွေ စာရင်းပေးနေကြပါပြီ။ ဒီဇင်ဘာ ၂၇ ရက်ကတည်းက မနက် ၅ နာရီဝန်းကျင်ထဲက ယှဥ်ပြိုင်မယ့် အမတ်လောင်းတွေ၊ ပါတီကြီးတွေနဲ့ ထောက်ခံသူတွေ Keelawes 2 Sports Building (Din Daeng) မှာ စုရုံးခဲ့ကြပါတယ်။ ၂၀၂၃ တုန်းက ဘန်ကောက်ရဲ့ နေရာ ၃၃ ခုမှာ ၃၂ နေရာအထိ နိုင်ခဲ့တဲ့ People’s Party နဲ့အတူ Bhumjaithai ပါတီ၊ ဖွေထိုင်းပါတီစတာတွေလည်းရောက်ရှိလာပြီး အပြိုင်အဆိုင် ထောက်ခံသူတွေကို နှုတ်ဆက်ပြီး စာရင်းတွေပေးခဲ့ကြပါတယ်။ သက်ဆင်ရဲ့တူဖြစ်သူ Yodchanan က “မတရားမှုတွေရှိတော့မှာမဟုတ်ပါဘူး၊ အစိုးရ ဝန်ဆောင်မှုတွေကို ငါတို့ ပိုပြီး လူတိုင်း အသုံးပြုနိုင်အောင် လုပ်သွားမယ်၊ လူတိုင်းအတွက်ဖြစ်ရမယ်၊ ဒါကြောင့် ဖွေထိုင်းပါတီကို မဲပေးကြပါ၊ ငါတို့မှာ ဒီတည်ခဲ့တဲ့ ကတိတွေကို တကယ်လုပ်နိုင်သူတွေ၊ စကားတွေကို အကောင်အထည်ဖော်သူတွေရှိနေတယ်” လို့ မဲဆွယ်ခဲ့ပါသေးတယ်။ထိုင်းရွေးကောက်ပွဲကတော့ ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ ကျင်းပသွားတော့မှာဖြစ်ပါတယ်။

news-view-count-icon

29