back

နှစ်သစ်ကူးအကြိုနေ့က တိုင်းဒေသကြီးနှင့်ပြည်နယ် ၅ ခုတွင် မီးလောင်မှု ၈ ကြိမ်ဖြစ်ပွားခဲ့

Jan 01 • 7:35 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

နှစ်သစ်ကူးအကြိုနေ့က တိုင်းဒေသကြီးနှင့်ပြည်နယ် ၅ ခုတွင် မီးလောင်မှု ၈ ကြိမ်ဖြစ်ပွားခဲ့

နှစ်သစ်ကူးအကြိုနေ့က၊ မန္တလေးတိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်(၅)ခုတို့တွင်၊ Express ကားတစ်စီးမီးလောင်ကျွမ်းမှုအပါအဝင်၊ မီးလောင်ကျွမ်းမှု(၈)ကြိမ်ဖြစ...

နှစ်သစ်ကူးအကြိုနေ့က၊ မန္တလေးတိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်(၅)ခုတို့တွင်၊ Express ကားတစ်စီးမီးလောင်ကျွမ်းမှုအပါအဝင်၊ မီးလောင်ကျွမ်းမှု(၈)ကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ မှ သတင်းရရှိသည်။နံနက်အစောပိုင်းမှ ညပိုင်းအထိ၊ မန္တလေးတိုင်းဒေသကြီးတွင်(၃)ကြိမ်၊ နေပြည်တော်ကောင်စီနယ်မြေတွင် (၂)ကြိမ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင်(၁)ကြိမ်စီ၊ စုစုပေါင်း(၈)ကြိမ်တိတိ လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း၊ သက်ဆိုင်ရာနယ်မြေမီးသတ်စခန်းအသီးသီးမှတစ်ဆင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့သို့ ပေးပို့သည့် မီးလောင်ကျွမ်းမှု သတင်းများအရသိရသည်။အဆိုပါမီးလောင်ကျွမ်းမှုများနှင့်ပတ်သက်၍ နံနက် ၁ နာရီခွဲခန့်တွင်၊ နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့ မင်္ဂလာရပ်ကွက်တွင်လည်းကောင်း၊ နံနက် ၆ နာရီ ၄၀ မိနစ်ခန့်တွင် မန္တလေးတိုင်းဒေသကြီး စဥ့်ကိုင်မြို့နယ် ကြေးနီကန်ရွာအနီးတွင်လည်းကောင်း၊ နံနက် ၁၀ နာရီ ၂၃ မိနစ်ခန့်တွင် မန္တလေးတိုင်းဒေသကြီး ၀မ်းတွင်းမြို့နယ် သဲတော(၁)ရပ်ကွက်တွင်လည်းကောင်း၊ နံနက် ၁၀ နာရီ ၅၅ မိနစ်ခန့်တွင် ချင်းပြည်နယ် ဟားခါးမြို့ မြို့သစ်ရပ်ကွက်တွင်လည်းကောင်း၊ မွန်းတည့် ၁၂ နာရီ ၁ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် အရှေ့အနော်မာရပ်ကွက်တွင်လည်းကောင်း အသီးသီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။မွန်းလွဲ ၂ နာရီ ၂၅ မိနစ်ခန့်တွင် မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် ညောင်ကွဲရပ် ကွက်၊ ည ၇ နာရီခန့်တွင်၊ မွန်ပြည်နယ် မော်လမြိုင်မြို့ စစ်ကဲကုန်းရပ်ကွက်နှင့် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့ ရန်နိုင်ရပ်ကွက်တို့တွင်လည်း တစ်ကြိမ်စီလောင်ကျွမ်းခဲ့သေးကြောင်း သိရသည်။စုစုပေါင်း(၈)ကြိမ်လောင်ကျွမ်းခဲ့သည့်ဖြစ်စဉ်များအနက်၊ ပျဉ်းမနားမြို့ ရန်နိုင်ရပ်ကွက်တွင်လောင် ကျွမ်းခဲ့သည့် မီးလောင်ကျွမ်းမှုဖြစ်စဉ်သည် အဆိုးရွားဆုံးဖြစ်ခဲ့ပြီး၊ အနည်းဆုံးလူနေအိမ်(၅၄)လုံးထက်မနည်းဆုံးရှုံးခဲ့ကြောင်း သိရသည်။

news-view-count-icon

27