ပြည်တွင်း၌ပို့ကုန်ရငွေ ပြန်လည်ဝင်ရောက်ခြင်းမရှိသဖြင့် အမည်မည်းစာရင်း (Black Lists) ထည့်သွင်းခံထားရသည့် ကုမ္ပဏီ (၁၉၇) ခု အနက် ကုမ္ပဏီ ၂၉ ခု သည် ပို့ကုန်ရငွေများ အပြည့်အဝ ပြန်လည်ဝင်ရောက်ပြီးဖြစ်သဖြင့် အဆိုပါကုမ္ပဏီ ၂၉ ခုအား အမည်မည်းစာရင်း (Black Lists) ထည့်သွင်းခြင်းမှ ပယ်ဖျ-က်ကြောင်း ဗဟိုဘဏ်က ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။ပို့ကုန်ရငွေများ အပြည့်အဝ ပြန်လည်ဝင်ရောက်ပြီးဖြစ်သည့် ကုမ္ပဏီ ၂၉ ခုအား အမည်မည်းစာရင်း (Black Lists) ထည့်သွင်းခြင်းမှ ပယ်ဖျ-က်ကြောင်း ဗဟိုဘဏ်ကြေညာကာယင်းကုမ္ပဏီနှင့် ဒါရို-က်တာအဖွဲ့ဝင်တို့အပေါ် မြန်မာပြည်ဝင်/ထွက်ခွင့်တားဆီးခြင်းတို့မှ ပယ်ဖျက်လိုက်ခြင်းဖြစ်သည်။






