back

ထိုင်ဝမ်ကို ပြန်လည်ရယူမယ်လို့ ရှီကျင့်ဖျင် ထပ်မံ ကတိပြု

Jan 01 • 6:47 AM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

ထိုင်ဝမ်ကို ပြန်လည်ရယူမယ်လို့ ရှီကျင့်ဖျင် ထပ်မံ ကတိပြု

တရုတ်သမ္မတ ရှီကျင့်ဖျင်က မှတ်ဉာဏ်တုနဲ့လျှပ်တစ်ပိုင်းကူး ပစ္စည်းတို့လို နည်းပညာ လုပ်ငန်းနယ်ပယ်မှာ တရုတ်နိုင်ငံ တိုးတက်လာမှုကို ဒီဇင်ဘာ ၃၁ ရက်မှာ ချီးကျူးလိုက်ပြီ...

တရုတ်သမ္မတ ရှီကျင့်ဖျင်က မှတ်ဉာဏ်တုနဲ့လျှပ်တစ်ပိုင်းကူး ပစ္စည်းတို့လို နည်းပညာ လုပ်ငန်းနယ်ပယ်မှာ တရုတ်နိုင်ငံ တိုးတက်လာမှုကို ဒီဇင်ဘာ ၃၁ ရက်မှာ ချီးကျူးလိုက်ပြီး ထိုင်ဝမ်ကို သိမ်းပိုက်မယ်လို့ ထပ်မံ ကတိပြုလိုက်ပါတယ်။နိုင်ငံပိုင် မီဒီယာက ဒီဇင်ဘာ ၃၁ ရက် ညနေပိုင်းမှာ ထုတ်ခွင့်ခဲ့တဲ့ နှစ်သစ်ကူး အကြိုမိန့်ခွန်းမှာ ရှီကျင့်ဖျင်က စစ်ဖက်ဆိုင်ရာ နည်းပညာနဲ့ အာကာသ လေ့လာရေး အပါအဝင် အဓိက ကဏ္ဍတွေမှာ တရုတ်ရဲ့ တိုးတက်မှုကို ချီးကျူးပါတယ်။သူမိန့်ခွန်း ပြောကြားချိန်မှာ လူသားပုံစံ စက်ရုပ်တွေ ကွန်ဖူး လေ့ကျင့်နေပုံတွေကနေ ရေအားလျှပ်စစ် စီမံကိန်းတွေကို ထုတ်လွှင့် ဖော်ပြခဲ့ပါတယ်။တရုတ်က ၅ နှစ်တာ ကာလအတွက် စီးပွားရေး အစီအစဉ်တွေ ချမှတ်ထားပြီး နောက် ၅ နှစ်အတွက် စီးပွားရေးအစီအစဉ်တွေကို လာမယ့်မတ်လ လွှတ်တော် အစည်းအဝေးမှာ ချမှတ်သွားမှာ ဖြစ်ပါတယ်။လျှပ်တစ်ပိုင်းကူး ပစ္စည်းတွေနဲ့ တခြား နည်းပညာမြင့် ပစ္စည်း အသုံးပြုခွင့်ကို အမေရိကန်က တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားချိန်မှာ တရုတ်က နည်းပညာနဲ့ သိပ္ပံပညာမှာ ကိုယ်တိုင် အားကိုးနိုင်ရေး အလျင်အမြန် ကြိုးပမ်းနေပါတယ်။




news-view-count-icon

20