တရားမျှတမှုမစ်ရှင် ၂၀၂၅စစ်ရေးလေ့ကျင့်မှုများတွင် ပါဝင်နေသော တရုတ်စစ်သင်္ဘောများနှင့် စစ်လေယာဉ်များ ပြန်လည်ထွက်ခွာသွားမည်ဖြစ်သည့်တိုင် ဒီဇင်ဘာ ၃၁ ရက်တွင် တရုတ်(တိုင်ပေ) အနေဖြင့်လုံခြုံရေးအရ ဆက်လက်တပ်လှန့်ထားကြောင်း တရုတ်(တိုင်ပေ)ကမ်းခြေစောင့်တပ်ဖွဲ့က သတင်းထုတ် ပြန်ထားသည်။တရုတ်နိုင်ငံသည် တရားမျှတမှု မစ်ရှင် ၂၀၂၅ စစ်ရေးလေ့ကျင့်မှုကိုတရုတ်(တိုင်ပေ)ပတ်ပတ်လည်၌ဒီဇင်ဘာ ၂၉ ရက်မှ ၃၀ ရက်အထိပြုလုပ်ခဲ့ရာ တရုတ်စစ်သင်္ဘောနှင့်စစ်လေယာဉ်အများအပြား ပါဝင်ခဲ့ကြသည်။လက်ရှိအချိန်တွင် အဆိုပါစစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ခဲ့သည့်တရုတ်စစ်သင်္ဘောများ တရုတ်(တိုင်
ပေ)အနီးမှ ထွက်ခွာသွားပြီဖြစ်သည့်တိုင် မိမိတို့အနေဖြင့် ဒီဇင်ဘာ ၃၁ရက်တွင်လည်း လုံခြုံရေးအရဆက်လက် တပ်လှန့်ထားကြောင်းတရုတ်(တိုင်ပေ) ကမ်းခြေစောင့်တပ်ဖွဲ့တာဝန်ရှိသူများက ပြောကြားထားသည်။ယင်းအပြင် တရားမျှတမှုမစ်ရှင် ၂၀၂၅ စစ်ရေးလေ့ကျင့်မှုပြီးဆုံးကြောင်းကို တရုတ်နိုင်ငံက တရားဝင်ကြေညာထားခြင်း မရှိခြင်းကြောင့် အရေးပေါ်တုံ့ပြန်ရေးဗဟိုဌာနကို တရုတ်(တိုင်ပေ)ကဆက်လက် ဖွင့်လှစ်ထားကြောင်းသိရသည်။



