back

နေပြည်တော်တွင် သဘာဝဘေးဒဏ်သင့်ဒေသများ၌ အသက်မွေးဝမ်းကျောင်းပြန်လည်ထူထောင်ရေး လုပ်ငန်းများ အမြန်ဆုံးနှင့် အထိရောက်ဆုံး ဆောင်ရွက်ပေးသွားမည်

Jan 01 • 5:03 AM

breaking-news

မြန်မာ

နေပြည်တော်

breaking-news
cover

နေပြည်တော်တွင် သဘာဝဘေးဒဏ်သင့်ဒေသများ၌ အသက်မွေးဝမ်းကျောင်းပြန်လည်ထူထောင်ရေး လုပ်ငန်းများ အမြန်ဆုံးနှင့် အထိရောက်ဆုံး ဆောင်ရွက်ပေးသွားမည်

နေပြည်တော်တွင် ဒီဇင်ဘာ ၃၁ရက်ကအသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ၏ (၂/၂၀၂၅) ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ရု...

နေပြည်တော်တွင် ဒီဇင်ဘာ ၃၁ရက်က

အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ၏ (၂/၂၀၂၅) ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ရုံးအမှတ်(၁၆) စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။သဘာဝဘေးဒဏ်သင့် ဒေသများတွင် လိုအပ်သောအသက်မွေးဝမ်းကျောင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အမြန်ဆုံးနှင့် အထိရောက်ဆုံးဆောင်ရွက်ပေးကြရန်၊ ဆောင်ရွက်သည့်နေရာတွင် ထိခိုက်ပျက်စီးမှုအပေါ်မူတည်၍ ဦးစားပေးအဆင့်သတ်မှတ်ပြီး တစ်ဆင့်ချင်းစီ စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်ပေးကြရန်၊ သဘာဝ ဘေးအန္တရာယ် မကျရောက်မီနှင့် ကျရောက်ပြီးချိန်များတွင်လိုအပ်သည့် အရေးပေါ်စီမံခန့်ခွဲခြင်း၊ တုံ့ပြန်ခြင်း၊ ကူညီကယ်ဆယ်ရေးကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ခြင်း၊ အသင့်ပြင်ဆင်စုဖွဲ့ထားရှိခြင်းနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းတာဝန်များကို ကော်မတီဝင်သက်ဆိုင်ရာဌာနများက တာဝန်သိစိတ်ဖြင့် တာဝန်ယူဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်းပြောကြားသည်။



news-view-count-icon

36