ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးသည် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်းနှင့် Bangladesh Nationalist Party (BNP) ဥက္ကဋ္ဌ၏ နိုင်ငံတော်ဈာပနာအခမ်းအနားသို့ ဒီဇင်ဘာ (၃၁) ရက်က တက်ရောက်ပြီး ဝမ်းနည်းကြောင်း လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ဒါကာမြို့ရှိ South Plaza, Jatiya Sangsad Bhaban (National Parliament House) ၌ နေ့လယ် ၂ နာရီတွင် ပြုလုပ်ကျင်းပခဲ့သည့် ဝန်ကြီးချုပ်ဟောင်းနှင့် Bangladesh Nationalist Party (BNP) ဥက္ကဋ္ဌ Begum Khaleda Zia ၏ နိုင်ငံတော်အဆင့် ဈာပနအခမ်းအနားသို တက်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း Begum Khaleda Zia သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်ဖြစ်ပြီး ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်တွင် အဂတိလိုက်စားမှုဖြင့် ထောင်ချခံခဲ့ရခြင်းလည်း ဖြစ်သည်။



