back

၂၀၂၅ ခုနှစ်အတွင်း တရားမဝင်သစ် (၄,၀၈၈) တန် ဖမ်းဆီးရမိခဲ့

Jan 01 • 4:50 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

၂၀၂၅ ခုနှစ်အတွင်း တရားမဝင်သစ် (၄,၀၈၈) တန် ဖမ်းဆီးရမိခဲ့

သစ်တောထွက်ပစ္စည်းများ တရားမဝင် ထုတ်လုပ်မှု‌လျော့နည်း ပပျောက်စေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာ (၂၂) ရက်နေ့အထိ တရားမဝင် သစ် ၄,၀၈၈ တန်က...

သစ်တောထွက်ပစ္စည်းများ တရားမဝင် ထုတ်လုပ်မှု‌လျော့နည်း ပပျောက်စေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာ (၂၂) ရက်နေ့အထိ တရားမဝင် သစ် ၄,၀၈၈ တန်ကို ဖမ်းဆီးရမိခဲ့ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။သစ်တောစိုက်ခင်းများ တည်ထောင်ခြင်းနှင့် တရားမဝင်သစ်ဖမ်းဆီးရေးလုပ်ငန်းများသည် သစ်တောကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းတွင် အရေးကြီးသော အခန်းကဏ္ဍဖြစ်သည့်အတွက် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းလည်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောသည်။ယမန်နေ့က တရားမဝင်သစ်ဖမ်းဆီးမှုထူးချွန်ဆု၊ စိုက်ခင်းထူးချွန်ဆုများကိုလည်း ပေးအပ်ခဲ့ကြောင်း သိရသည်။သစ်တောဦးစီးဌာနအနေဖြင့် ၂၀၂၄ ခုနှစ်မိုးရာသီတွင် နိုင်ငံပိုင်စီးပွားရေးစိုက်ခင်းဧက ၈၁၆၀ အပါအဝင် သစ်တောစိုက်ခင်း စုစုပေါင်း (၁၃,၉၈၆) ဧက ကိုလည်း တည်ထောင်စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။အောင်မြင်သော သစ်တောစိုက်ခင်းများ ဖြစ်လာရန် စိုက်ခင်းလုပ်ငန်းစဉ်များကို အချိန်မီပြီးစီးအောင်ဆောင်ရွက်နေကြောင်းလည်း သိရသည်။

news-view-count-icon

25