မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ဝါတိုးအရှေ့ရပ်ကွက်ရှိ ကျီးနီကန်အတွင်း ကျား(၁)ဦး ရေနစ်မှုဖြစ်ပွားကြောင်း ၃၁.၁၂.၂၀၂၅ရက်နေ့၊ ၁၈ ၃၈ အချိန် သတင်းရရှိခဲ့ပါတယ်။အဆိုပါသတင်းရရှိသဖြင့် ရမည်းသင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးဖြင့် သွားရောက်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် စက်လှေ(၁)စီးဖြင့် ရေပြင်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ၁.၁.၂၀၂၆ ရက်နေ့၊ ၀၈နာရီ ၃၀မိနစ် အချိန်တွင် ကျား(၁)ဦး(သ-ေဆုံး)အား တွေ့ရှိခဲ့ပြီး သီလဝလူမှုကူညီရေးအသင်းယာဉ်ဖြင့် ရမည်းသင်းခရိုင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ဝါတိုးအရှေ့ရပ်ကွက်ရှိ ကျီးနီကန်အတွင်း ကျား(၁)ဦး ရေနစ်မှုဖြစ်ပွားကာယနေ့မနက်မှအလောင်းတွေ့ရှိ
Jan 01 • 4:14 AM
မြန်မာ
မန္တလေး
မျှဝေမည်
| 24 | 0 | 0 | 0 |


