back

ပတ္တမြားရတုအထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်ရှိစွမ်းအင်ပြတိုက်ကို အခမဲ့ကြည့်ရှုခွင့်ပြုမည်

Jan 01 • 3:10 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ပတ္တမြားရတုအထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်ရှိစွမ်းအင်ပြတိုက်ကို အခမဲ့ကြည့်ရှုခွင့်ပြုမည်

စွမ်းအင်ဝန်ကြီးဌာန၏ နှစ်(၄၀)ပြည့် ပတ္တမြားရတုအထိမ်းအမှတ်အဖြစ် စွမ်းအင်ပြတိုက်ကို ဒီဇင်ဘာလ ကုန်ပိုင်းမှစတင်၍ အခမဲ့ကြည့်ရှုခွင့်ပြုထားကြောင်း အဆိုပါဝန်ကြီးဌာနမှ ...

စွမ်းအင်ဝန်ကြီးဌာန၏ နှစ်(၄၀)ပြည့် ပတ္တမြားရတုအထိမ်းအမှတ်အဖြစ် စွမ်းအင်ပြတိုက်ကို ဒီဇင်ဘာလ ကုန်ပိုင်းမှစတင်၍ အခမဲ့ကြည့်ရှုခွင့်ပြုထားကြောင်း အဆိုပါဝန်ကြီးဌာနမှ သိရပါတယ်။စွမ်းအင်ပြတိုက်သည် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်ရှိ သန်လျင်ရေနံချက်စက်ရုံဝင်းအတွင်းမှာရှိပြီး စွမ်းအင်ဝန်ကြီးဌာန နှစ်(၄၀)ပြည့် ပတ္တမြားရတုအထိမ်းအမှတ်နှင့် သန်လျင်ရေနံချက်စက်ရုံ ရာပြည့်အထိမ်းအမှတ် အနေဖြင့် ဖွင့်လှစ်ပေးခြင်းဖြစ်သလို လက်ရှိမှာ စွမ်းအင်ပြတိုက်အား တနင်္လာနေ့မှအပ နေ့စဉ် နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ ဖွင့်လှစ်ထားကြောင်း သိရပါတယ်။ပြတိုက်အတွင်း၌ ပဒေသရာဇ်ခေတ်မှစတင်၍ ယနေ့ကာလအထိ ခေတ်အလိုက် စုစည်းတင်ပြထားသော ပြကွက်များ၊ သမိုင်းကြောင်းများ၊ အထောက်အထားစာရွက်စာတမ်းများ၊ ပုံစံငယ်များ၊ အသုံးအဆောင်ပစ္စည်းများ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေတူးဖော်ထုတ်လုပ်မှုလုပ်ငန်းစဉ်များ၊ ရေနံတူးဖော်ထုတ်လုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းကိရိယာများ၊ ရုပ်ကြွပုံစံငယ်များ၊ ကမ်းလွန်လုပ်ကွက်များနှင့် သန်လျင်ရေနံချက်စက်ရုံ ရာပြည့်အထိမ်းအမှတ်ပြခန်းများ၊ စက်ရုံပုံစံငယ်များ၊ စွမ်းအင်ကဏ္ဍ၏ ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်သည့် ပြခန်းများကို ရုပ်လုံးရုပ်ကြွ ပုံစံငယ်များဖြင့် စနစ်တကျ ခင်းကျင်းပြသထားတယ်လို့ သိရပါတယ်။ အဆိုပါစွမ်းအင်ပြတိုက်ကို မြန်မာ့စွမ်းအင်ကဏ္ဍ၏ သမိုင်းကြောင်းများကို သိရှိစေရန်၊ စွမ်းအင်ကဏ္ဍ၏ ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို သိရှိစေရန်နှင့် အနာဂတ်မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများ အတွက် စွမ်းအင်ကဏ္ဍနှင့်ပတ်သက်သည့် လုပ်ငန်းစဉ်များကို တစ်နေရာတည်းတွင် သိရှိလေ့လာနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ပြသခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။


news-view-count-icon

40