back

ရခိုင်ပြည်ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

Dec 31 • 2:46 PM

breaking-news

မြန်မာ

ရခိုင်

cover

ရခိုင်ပြည်ငပလီဗုံးဒဏ်အောက် ၁၂ နာရီကြာမှ ပြန်တွေ့ခဲ့ရသည့် ၃ နှစ်သမီး

ရခိုင်ပြည်၊ ငပလီမြို့တွင် ဒီဇင်ဘာလ ၂၉ ရက်၊ ည ၈ နာရီခန့်က လင်းသာရပ်ကွက်ရှိ နေအိမ်များပေါ်သို့ ဗုံးတည့်တည့် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ယင်းအပျက်အစီးများအောက်...

ရခိုင်ပြည်၊ ငပလီမြို့တွင် ဒီဇင်ဘာလ ၂၉ ရက်၊ ည ၈ နာရီခန့်က လင်းသာရပ်ကွက်ရှိ နေအိမ်များပေါ်သို့ ဗုံးတည့်တည့် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ယင်းအပျက်အစီးများအောက်တွင် ပိတ်မိနေသည့် မအေးသန္တာထွန်း (ခ) မေကံကောင်းကို နောက်တစ်နေ့ (ဒီဇင်ဘာ ၃၀) နံနက် ၈ နာရီအချိန်မှ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။သို့သော် အဆိုပါ ကလေးငယ်၏ မိခင်ဖြစ်သူမှာ နေရာ၌ပင် သေဆုံးသွားခဲ့ပြီး ဖခင်ဖြစ်သူမှာလည်း ပြင်းထန်ဒဏ်ရာများဖြင့် သတိမေ့မြောနေဆဲ ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ၎င်းတို့နှင့်အတူရှိနေသည့် အခြားမိသားစုဝင် ၅ ဦး အပါအဝင် စုစုပေါင်း ၉ ဦးအထိ သေဆုံးခဲ့ရသည်။လက်ရှိတွင် ခြေထောက်ဒဏ်ရာ ရရှိထားသည့် အဆိုပါ ကလေးငယ်အတွက် ဆေးကုသစောင့်ရှောက်ရန်နှင့် အရေးပေါ် အကူအညီများ လိုအပ်နေသည်ဟု သိရသည်။




news-view-count-icon

24