ယမန်နေ့ ဒီဇင်ဘာ ၂၉ ရက်၊ နံနက်ပိုင်းအချိန်တွင် ရပ်တော်မူဘုရားသို့ ဘုရားဖူးလာသည့် မိန်းကလေး ၂ ဦး၏ ဆိုင်ကယ်ကို အမည်မသိ အမျိုးသား ၂ ဦးက ပိုင်ရှင်များရှေ့တွင်ပင် သော့ဖျက်ကာ အတင်းအဓမ္မ လုယက်ယူဆောင်သွားခဲ့သည်။ပြီးခဲ့သည့် ဒီဇင်ဘာ ၂၈ ရက်၊ ည ၈ နာရီခွဲအချိန်တွင်လည်း အလက (၃) လမ်းကြား၌ မိန်းကလေး ၂ ဦးစီးလာသည့် ဆိုင်ကယ်ကို ဆိုင်ကယ် ၂ စီးဖြင့် လူ ၄ ဦးက ပိတ်ဆို့ကာ အဓမ္မ လုယက်ခဲ့သလို၊ ယင်းနေ့ ညနေ ၅ နာရီကျော်တွင်လည်း တရုတ်ကျောင်းသွားသည့် ကုန်းဆင်းလမ်း၌ အမျိုးသမီးတစ်ဦး၏ ဆိုင်ကယ် ထပ်မံလုယက်ခံခဲ့ရသည်။ ထို့ပြင် ဒီဇင်ဘာ ၂၇ ရက်နေ့ကလည်း လွယ်မွေသွားလမ်းတွင် ဆိုင်ကယ်လုယက်မှု ထပ်မံဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ဆိုသည်။



