အမြန်လမ်းပေါ်တက်သည့် ပလိပ်-စကားအင်းလမ်းပိုင်း၊ ကြေးနီကန်ရွာအနီးတွင်၊ ယနေ့နံနက်ပိုင်းက Express ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားပြီးမီးလောင်မှုကြာချိန်နာရီဝက်အတွင်း၊ ယာဉ်တစ်စီးလုံးမီးလောင်ဆုံးရှုံးခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။မီးလောင်ကျွမ်းမှုစတင်ဖြစ်ပွားခဲဲ့သည့်အချိန်သည် နံနက် ၆ နာရီ ၄၀ မိနစ်ခန့်ဖြစ်ကြောင်းသိရပြီး၊ နံနက် ၇ နာရီ ၁၀ မိနစ်ခန့်တွင် မီးငြိမ်းကြောင်း၊ မီးလောင်ကျွမ်းခဲဲ့မှုကြောင့် လူထိခိုက်မရှိခဲ့သော်လည်း ယာဉ်တစ်စီးလုံးတော့ သုံးမရအောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ အဆိုပါမီးလောင်ကျွမ်းမှုကို ထိစပ်နယ်မြေမီးသတ်စခန်းများမှ မီးငြှိမ်းသတ်ယာဉ်နှစ်စီး၊ အရန်နှင့် သန္ဓေမီးသတ်ဝန်ထမ်းအင်အားနှစ်ဆယ်ကျော်ဖြင့် မီးငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။



