ကွာလာလမ်ပူမြို အပြည်ပြည်ဆိုင်ရာလေဆိပ်၌ transit ပြုလုပ်စဉ် လေယာဉ်ပေါ် အချိန်မီ မရောက်ရှိဘဲ မလေးရှားလေဆိပ်တွင် ၅ ရက် ကြာ သောင်တင်နေသည့် မြန်မာနိုင်ငံသားတစ်ဦးအား မလေးရှားလေဆိပ်မှ တာဝန်ရှိသူများ၏ အကြောင်းကြားချက်အရ ကွာလာလမ်ပူမြို့ မြန်မာသံရုံးမှ ဝန်ထမ်းများက သွားရောက်ခေါ်ယူစောင့်ရှောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ယမန်နေ့ ဒီဇင်ဘာ(၃၀)ရက်နေ့တွင် မြန်မာ့အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း ( MAI – 8M 504) ဖြင့် ရန်ကုန် မြို့သို့ ပြန်လည်ရောက်ရှိသွားခဲ့ကြောင်း သိရသည်။



