back

တောင်ကြီးမှာ ပျောက်ဆုံးနေတဲ့ G-10 ကျောင်းသား သေဆုံးလျက်ပြန်တွေ့

Dec 31 • 12:58 PM

breaking-news

မြန်မာ

ရှမ်း

cover

တောင်ကြီးမှာ ပျောက်ဆုံးနေတဲ့ G-10 ကျောင်းသား သေဆုံးလျက်ပြန်တွေ့

ရှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ကြီးမှာ ပြီးခဲ့တဲ့ အပတ်က ပျောက်ဆုံးသွားတဲ့ Grade-10 ကျောင်းသားကို သေဆုံးလျက်ပြန်တွေ့ခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူထံမှသိရပါတယ်။အဆ...

ရှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ကြီးမှာ ပြီးခဲ့တဲ့ အပတ်က ပျောက်ဆုံးသွားတဲ့ Grade-10 ကျောင်းသားကို သေဆုံးလျက်ပြန်တွေ့ခဲ့တယ်လို့ မိသားစုနဲ့ နီးစပ်သူထံမှသိရပါတယ်။အဆိုပါ ကျောင်းသားဟာ ဒီဇင်ဘာလ ၂၄ ရက်နေ့ ညနေပိုင်းက နေအိမ်မှ ဆိုင်ကယ်တစ်စီးနဲ့ ထွက်သွားကာ အိမ်သို့ ပြန်ရောက်မလာဘဲ ၆ ရက်အကြာမှာ ဘုရားဖြူဘက်က ချောက်တခုထဲမှာ သေဆုံးလျက် ပြန်တွေ့တယ်လို့ သိရပါတယ်။သေဆုံးသူဟာ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်မှာ နေထိုင်တဲ့ မောင်အနဂ္ဂရဲထက် (ခ) စိုင်း A ဖြစ်ပြီး တောင်ကြီး အထက(၄)ကျောင်းမှ G-10 ကျောင်းသားဖြစ်ကာ သေဆုံးချိန်မှာ အသက် ၁၆ နှစ်အရွယ် သာ ရှိသေးတယ်လို့ သိရပါတယ်။မောင်အနဂ္ဂရဲထက် ရဲ့ နာရေးကို ဒီကနေ့ မွန်းလွဲပိုင်းက သင်္ခါရသုဿန် သို့ ပို့ဆောင်မီးသင်္ဂြိုလ်ခဲ့တယ်လို့ သိရပါတယ်။


news-view-count-icon

114