back

ဇန်နဝါရီ ၂ ရက်နဲ့ ၄ ရက်မှာ ရန်ကုန်မြို့ရှိ လမ်းတစ်ချို့ခေတ္တပိတ်မယ်

Dec 31 • 12:24 PM

breaking-news

မြန်မာ

ရန်ကုန်

cover

ဇန်နဝါရီ ၂ ရက်နဲ့ ၄ ရက်မှာ ရန်ကုန်မြို့ရှိ လမ်းတစ်ချို့ခေတ္တပိတ်မယ်

(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပဖို့အတွက် ဇန်နဝါရီ ၂ ရက်နဲ့ ၄ ရက်မှာ ရန်ကုန်မြို့ရှိ လမ်းတစ်ချို့ ခေတ္တပိတ်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ...

(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကျင်းပဖို့အတွက် ဇန်နဝါရီ ၂ ရက်နဲ့ ၄ ရက်မှာ ရန်ကုန်မြို့ရှိ လမ်းတစ်ချို့ ခေတ္တပိတ်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရပါတယ်။အသိပေးကြေညာချက်အရ (၇၈)နှစ်မြောက် လွတ်လပ်ရေးအခမ်းအနားအတွက် လာမယ့် ဇန်နဝါရီ ၂ ရက် မနက် ၄ နာရီ အချိန်မှာ အစမ်းလေ့ကျင့်တာကို ပြုလုပ်မှာဖြစ်ပြီး၊ ဇန်နဝါရီ ၄ ရက် မနက် ၄ နာရီအချိန်မှာ အလံတင်အခမ်းအနား၊ ၇ နာရီအချိန် မှာ နိုင်ငံတော်အလံအလေးပြု အခမ်းအနားနဲ့ လွတ်လပ်ရေး နေ့သဝဏ်လွှာဖတ်ကြားတဲ့ အခမ်းအနား တွေ ကို ပြည်သူ့ရင်ပြင်မှာ ကျင်းပပြုလုပ်သွား မှာဖြစ်တယ်လို့သိရပါတယ်။ပြည်လမ်းကို ခေတ္တပိတ်ထားစဉ် ပြည်လမ်းအတိုင်း မြောက် က တောင် ကို မောင်းနှင်လာတဲ့ ယာဉ် တွေဟာ မြေနီကုန်းတံတားအောက် ရှင်စောပုလမ်း ကို ချိုးကွေ့ပြီး အောက်ကြည့်မြင်တိုင်လမ်းကို လည်းကောင်း၊ ပြည်လမ်း အတိုင်း တောင် ကနေ မြောက် မောင်းနှင်လာတဲ့ ယာဉ်တွေဟာ ပြည်ထောင်စု ရိပ်သာလမ်းကို ချိုးကွေ့ကာ ခရေပင်လမ်း၊ အလုံလမ်း က တစ်ဆင့် အောက်ကြည့်မြင်တိုင်လမ်း ကို လည်းကောင်း ဆက်လက်မောင်းနှင်ကြဖို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့ က အသိပေးနှိုးဆော်ထားတာ တွေအရ သိရှိရပါတယ်။



news-view-count-icon

49