ကိုဗစ်ကာလတွင် ရပ်နားထားသည့် ဆူးလေရှန်ဂရီလာဟိုတယ်ကို ပြီးခဲ့သည့်ရက်ပိုင်းက ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။သို့သော် ဆူးလေရှန်ဂရီလာဟိုတယ်၏ အထပ်တိုင်းကို မဖွင့်သေးပဲ အောက်ထပ် တစ်ထပ်တည်းသာ ဖွင့်ထားခြင်းဖြစ်ကြောင်း သိရသည်။ဆူးလေရှန်ဂရီလာဟိုတယ်ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလကုန် မှစတင်ပြီး လက်ရှိအချိန်ထိ ပိ-တ်ထားခဲ့သည်မှာ (၄)နှစ်ကျော်ရှိပြီဖြစ်သည်။ယင်းကဲ့သို့ ပိ-တ်ထားခဲ့သော်လည်း ဟိုတယ်နှင့် ဆက်စပ်လျက်ရှိသည့် Sule Square Mall & Office ၊ Shangri-La Residences ကို ဆက်လက်ဖွင့်လှစ်ထားဆဲဖြစ်သည်။



