back

တောင်ကြီးမြို့တွင် နှစ်သစ်ကူးအနီး လိုင်စင်မဲ့ယာဉ်ဖမ်းဆီးမှုများ တိုးလာ

Dec 31 • 11:59 AM

breaking-news

မြန်မာ

ရှမ်း

cover

တောင်ကြီးမြို့တွင် နှစ်သစ်ကူးအနီး လိုင်စင်မဲ့ယာဉ်ဖမ်းဆီးမှုများ တိုးလာ

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးတွင် နှစ်သစ်ကူးကာလ နီးကပ်လာခြင်းနှင့်အမျှ လိုင်စင်မဲ့ ဆိုင်ကယ်များကို အဓိကထား၍ ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်နေပြီး နံပါတ်ပြားမပါ...

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးတွင် နှစ်သစ်ကူးကာလ နီးကပ်လာခြင်းနှင့်အမျှ လိုင်စင်မဲ့ ဆိုင်ကယ်များကို အဓိကထား၍ ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်နေပြီး နံပါတ်ပြားမပါသည့် ဆိုင်ကယ်ပိုင်ရှင်အချို့က ယာဉ်ထိန်းရဲများထံမှ ငွေကြေးတောင်းခံရသည်။အထူးသဖြင့် ဆိုင်ကယ်များအပေါ် အဓိကထား စစ်ဆေးလျက်ရှိပြီး ဆိုင်ကယ်ဘက်မှန် မတပ်ဆင်ခြင်း၊ ဆိုင်ကယ်နံပါတ်ပြား မပါရှိခြင်းနှင့် ဦးထုပ်မဆောင်းခြင်းများကို တွေ့ရှိပါက ချက်ချင်း ဖမ်းဆီးကာ ငွေဒဏ် သိန်းနှင့်ချီ ပေးဆောင်ရကြောင်း ‌‌‌သိရသည်။




news-view-count-icon

22