back

အာဆင်နယ်အသင်း ငါးမှတ်ဖြတ် ဦးဆောင်ပြီး ချယ်လ်ဆီးနဲ့ ယူနိုက်တက် နိုင်ပွဲပျောက်

Dec 31 • 4:22 AM

breaking-news

မြန်မာ

ပြည်ပ

cover

အာဆင်နယ်အသင်း ငါးမှတ်ဖြတ် ဦးဆောင်ပြီး ချယ်လ်ဆီးနဲ့ ယူနိုက်တက် နိုင်ပွဲပျောက်

အာဆင်နယ်အသင်းဟာ ချန်ပီယံဆုအတွက် အဓိကပြိုင်ဘက် အက်စတွန်ဗီလာအသင်းကို ဂိုးပြတ်သွင်းခဲ့ပြီး ချယ်လ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ အိမ်ကွင်းမှာ နိုင်ပွဲပျောက်ခဲ...

အာဆင်နယ်အသင်းဟာ ချန်ပီယံဆုအတွက် အဓိကပြိုင်ဘက် အက်စတွန်ဗီလာအသင်းကို ဂိုးပြတ်သွင်းခဲ့ပြီး ချယ်လ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ အိမ်ကွင်းမှာ နိုင်ပွဲပျောက်ခဲ့ကြပါတယ်။အာဆင်နယ်အနေနဲ့ ၂၀၂၅ ခုနှစ်ကို ဒုတိယနေရာက မန်စီးတီးကို ငါးမှတ်အသာနဲ့ နှုတ်ဆက်ခဲ့တာလည်းဖြစ်ပါတယ်။အာဆင်နယ်အသင်းဟာ ဒုတိယပိုင်းရောက်မှ လေးဂိုးစလုံး သွင်းယူနိုင်ခဲ့ပေမဲ့ နာကျင်အချိန်ပိုရောက်မှ တစ်ဂိုး ပြန်ပေးခဲ့ရပါတယ်။ဗီလာအသင်းကတော့ ပြိုင်ပွဲစုံ ၁၁ ပွဲဆက်တိုက် အနိုင်ရထားမှုလည်း ရပ်တန့်ခဲ့ရပါတယ်။ချယ်လ်ဆီးအသင်း အိမ်ကွင်းမှာ နိုင်ပွဲပျောက်ခဲ့လို့ ပရီးမီးယားလိဂ် နောက်ဆုံး ခုနစ်ပွဲမှာ တစ်ပွဲသာ အနိုင်ရခဲ့ပါတယ်။ဘုန်းမောက်ကလည်း ငါးပွဲဆက် သရေကျပြီး ၁ပ ပွဲဆက် နိုင်ပွဲပျောက်ခဲ့ပါတယ်။ဝုလ်ဗ်ကတော့ အိုးလ်ထရက်ဖို့ဒ်မှာ သရေကစားနိုင်ခဲ့လို့ ပရီးမီးယားလိဂ် ၁၁ ပွဲဆက် ရှုံးပွဲဆက်မှုကို ရပ်တန့်နိုင်ခဲ့ပါတယ်။

news-view-count-icon

22