back

ရီရယ်လ်ငွေတန်ဖိုး စံချိန်တင်ကျဆင်းပြီးနောက် အီရန်၌ ဆန္ဒပြပွဲများဖြစ်ပွား

Dec 31 • 4:18 AM

breaking-news

မြန်မာ

ပြည်ပ

cover

ရီရယ်လ်ငွေတန်ဖိုး စံချိန်တင်ကျဆင်းပြီးနောက် အီရန်၌ ဆန္ဒပြပွဲများဖြစ်ပွား

ရီရယ်လ် ငွေကြေးစနစ်တန်ဖိုးစံချိန်တင် ကျဆင်းခဲ့ပြီးနောက်အီရန်နိုင်ငံ၌ ဒီဇင် ဘာ ၂၉ ရက်တွင် ဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့ကြောင်းသိရသည်။ဒီဇင်ဘာ ၂၉ ရက် ဆန္ဒပြပွဲများသည်...

ရီရယ်လ် ငွေကြေးစနစ်တန်ဖိုးစံချိန်တင် ကျဆင်းခဲ့ပြီးနောက်အီရန်နိုင်ငံ၌ ဒီဇင် ဘာ ၂၉ ရက်တွင် ဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့ကြောင်းသိရသည်။ဒီဇင်ဘာ ၂၉ ရက် ဆန္ဒပြပွဲများသည် အီရန်နိုင်ငံအတွက် သုံးနှစ်တာကာလအတွင်း အကြီးမားဆုံးဆန္ဒပြပွဲများဖြစ်ကြကြောင်း လေ့လာစောင့်ကြည့်သူများက ပြောကြားသည်။အီရန်နိုင်ငံ၏ ရီရယ်လ်ငွေကြေးစနစ်တန်ဖိုးသည် ဒီဇင်ဘာ၂၈ ရက်တွင် အမေရိကန်ဒေါ်လာတစ်ဒေါ်လာလျှင် ရီရယ်လ်ငွေ ၁ဒသမ ၄၂ သန်းအထိ စံချိန်တင်ကျဆင်းခဲ့ရသည်။ယင်းကဲ့သို့ ရီရယ်လ်ငွေကြေးစနစ်တန်ဖိုး စံချိန်တင်ကျဆင်းခဲ့ရပြီးနောက် အီရန်ဗဟိုဘဏ် ဥက္ကဋ္ဌ ရီဇာဖာဇင်သည်လည်း ရာထူးမှနုတ်ထွက်သွားကြောင်း အီရန်မီဒီယာများကသတင်းထုတ်ပြန်ထားသည်။အီရန်ဗဟိုဘဏ် ဥက္ကဋ္ဌရာထူးကို ၎င်းစတင်ရယူခဲ့သည့် ၂၀၂၂ ခုနှစ်တွင် ရီရယ်လ်ငွေကြေးစနစ် တန်ဖိုးမှာအမေရိကန်ဒေါ်လာ တစ်ဒေါ်လာလျှင် ရီရယ်လ်ငွေ ၄၃၀,၀၀၀ အထိဈေးပေါက်ခဲ့သည်။

news-view-count-icon

32