ထိုင်းနိုင်ငံ၊ နခွန်လာ့ချစီမာခရိုင်တွင် ဒီဇင်ဘာလ ၁ ရက်နေ့မှ ၃၀ ရက်နေ့အတွင်း ဝက်သားကို မကျက်တကျက် စားသုံးရာမှတစ်ဆင့် Streptococcus suisရောဂါပိုးကူးစက်ခံရသူ ၁၀၆ ဦးရှိလာပြီး ၎င်းတို့အနက် ၁၃ ဦး သေဆုံးခဲ့ကြောင်း ခရိုင်ကျန်းမာရေးဌာနက ထုတ်ပြန်လိုက်သည်။ အဆိုပါ ဘက်တီးရီးယားပိုးသည် ဝက်သားစိမ်း သို့မဟုတ် သွေးများကို စားသုံးခြင်း၊ ပေါက်ပြဲနေသော အရေပြားမှတစ်ဆင့် ပိုးဝင်ခြင်းတို့ကြောင့် ကူးစက်တတ်ပြီး သွေးဆိပ်တက်ခြင်းနှင့် ဦးနှောက်အမြှေးရောင်ခြင်းတို့ကို ဖြစ်ပွားစေကာ အသက်အန္တရာယ်ရှိနိုင်ကြောင်း သိရသည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် "မူကထ" (ဝက်ကင်) စားသုံးရာတွင် အသားကို ကျက်အောင်ချက်ရန်၊ အသားစိမ်းနှင့် အသားကျက်ကိုင်တွယ်သည့် တူ/ဓား/စဉ်းနှီတုံးများကို သီးခြားခွဲခြားအသုံးပြုရန်နှင့် ကျန်းမာရေးစံနှုန်းနှင့်ညီသော ဆိုင်များတွင်သာ ဝယ်ယူစားသုံးရန် ကျန်းမာရေးဌာနက အထူးသတိပေးနှိုးဆော်ထားသည်။
ထိုင်းနိုင်ငံ နခွန်လာ့ချစီမာခရိုင်တွင် မူကထစားသုံးရာမှတစ်ဆင့် ရောဂါကူးစက်မှုဖြစ်ပွားပြီး လူ (၁၃) ဦးသေဆုံး
Dec 31 • 4:02 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 42 | 0 | 0 | 0 |


