ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကိုအသုံးချပြီး ကင်ဆာအကျိတ်တွေကို ပိုမိုထိရောက်စွာ တိုက်ဖျက်နိုင်မယ့် နည်းလမ်းအသစ်တစ်ခုကို သိပ္ပံပညာရှင်များက ရှာဖွေတွေ့ရှိထားတယ်လို့ သိရပါတယ်။ဒီတွေ့ရှိထားချက်ဟာ ကင်ဆာရောဂါအမျိုးအစားတစ်ခုတည်းအတွက်တင် မဟုတ်ဘဲ အမျိုးအစားတော်တော်များများအတွက် အလုပ်ဖြစ်နိုင်တယ်လို့သိရပြီး ပုံမှန်အားဖြင့် ကိုယ်ခံအားစနစ်ထဲက T-cells တွေဟာ ရောဂါပိုးမွှားတွေကို တိုက်ဖျက်ပေးပေမယ့် ကင်ဆာကလာပ်စည်းတွေကျတော့ သူတို့ကို ကိုယ်ခံအားစနစ်ကမမြင်အောင် ပုန်းကွယ်နေတတ်ကြတယ်လို့ သိရပါတယ်။အခုတွေ့ရှိလိုက်တဲ့ နည်းပညာအသစ်ဟာ T-cells တွေအနေနဲ့ ကင်ဆာကလာပ်စည်းတွေရဲ့ မျက်နှာပြင်ရှိ အမှတ်အသားတွေကို ပိုပြီးမှတ်မိလွယ်အောင် လုပ်ပေးတာပဲဖြစ်ပြီး ယခုကုထုံးမှာ အဓိကထူးခြားတာက “Synthetic biology” လို့ခေါ်တဲ့ နည်းပညာကိုသုံးပြီး ကိုယ်ခံအား ကလာပ်စည်းတွေကို အဆင့်မြှင့်တင်လိုက်တာဖြစ်ပြီး ကင်ဆာကလာပ်စည်းများမှာ တူညီတဲ့အားနည်းချက်ကိုရှာပြီး တိုက်ခိုက်တာဖြစ်တယ်လို့လည်း ပညာရှင်များက ဆိုထားပါတယ်။



