back

အမေရိကန်၌ ငြိမ်းချမ်းရေးအတွက် သံဃာတော်များ ဦးဆောင်သည့် မိုင် ၂,၃၀၀ ခရီးရှည် လမ်းလျှောက်ကြွချီ

Dec 31 • 2:06 AM

breaking-news

မြန်မာ

ပြည်ပ

cover

အမေရိကန်၌ ငြိမ်းချမ်းရေးအတွက် သံဃာတော်များ ဦးဆောင်သည့် မိုင် ၂,၃၀၀ ခရီးရှည် လမ်းလျှောက်ကြွချီ

အမေရိကန်နိုင်ငံအတွင်း ငြိမ်းချမ်းရေး၊ မေတ္တာတရားနှင့် စည်းလုံးညီညွတ်မှုများ ပြန့်ပွားစေရန် ရည်ရွယ်၍ Huong Dao Vipassana Bhavana Center မှ သံဃာတော်များ ဦးဆောင်ကာ...

အမေရိကန်နိုင်ငံအတွင်း ငြိမ်းချမ်းရေး၊ မေတ္တာတရားနှင့် စည်းလုံးညီညွတ်မှုများ ပြန့်ပွားစေရန် ရည်ရွယ်၍ Huong Dao Vipassana Bhavana Center မှ သံဃာတော်များ ဦးဆောင်ကာ ရက်ပေါင်း ၁၂၀ ကြာ မိုင် ၂,၃၀၀ ခရီးရှည် လမ်းလျှောက်ကြွချီလျက်ရှိရာ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ဂျော်ဂျီယာပြည်နယ်အတွင်းရှိ မြို့များကို ဖြတ်သန်း၍ ဆက်လက်ကြွချီနေကြောင်း သိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၂၆ ရက်က တက္ကဆက်ပြည်နယ်မှ စတင်ခဲ့သော ယခုခရီးစဉ်သည် လက်ရှိတွင် ဂျော်ဂျီယာပြည်နယ်ရှိ ဖေးယက်ဗေးလ်နှင့် မောရိုးမြို့များမှတစ်ဆင့် အေသင်မြို့သို့ ဆက်လက်ဦးတည်နေပြီး၊ လာမည့် ဖေဖော်ဝါရီလကုန်ပိုင်းတွင် ဝါရှင်တန်ဒီစီမြို့၌ ခရီးစဉ်အဆုံးသတ်မည်ဖြစ်ကာ လူသားများအကြား စိတ်ဓာတ်ခွန်အားနှင့် ကရုဏာတရားများ မြှင့်တင်ပေးနိုင်ရန် မျှော်လင့်ထားကြသည်။

news-view-count-icon

33