၂၀၂၆ ခုနှစ် နှစ်သစ်ကူးအကြိုည (New Year's Eve) တွင် ရောင်းချမည့်သူများနှင့် ကိုယ်တိုင်ပြုလုပ်စားသောက်မည့်သူများက အကင်ပြုလုပ်ရန် သင့်တော်သည့် အရွယ်အစားရှိ ငါးနှင့် ပုဇွန်များကို ဈေးများ၌ ဒီဇင်ဘာ၃၀ ရက်နေ့ ကတည်းက ကြိုတင်မှာယူနေရသဖြင့် ဈေးနှုန်းများလည်း မြင့်တက်လာကြောင်း သိရသည်။ အဓိက အမှာများသည့် တီလာဗီးယားငါးမှာ ယခင်က တစ်ပိဿာလျှင် ၂၀,၀၀၀ ကျပ်ဝန်းကျင်သာ ရှိခဲ့သော်လည်း ယခုအခါ ငါးနှင့် ပုဇွန်အရွယ်အစား ရွေးချယ်လိုမှုနှင့် ဝယ်လိုအားများပြားမှုကြောင့် တစ်ပိဿာလျှင် ၂၄,၀၀၀ ကျပ်မှ ၂၅,၀၀၀ ကျပ်အထိ ဈေးနှုန်းမြင့်တက်သွားကာ ဝယ်ယူရခက်ခဲနိုင်သဖြင့် ကြိုတင်ဘွတ်ကင် (Booking) လုပ်ထားကြရခြင်းဖြစ်ကြောင်း နေပြည်တော်ရှိ ငါးရောင်းဝယ်သူများထံမှ သိရသည်။
Dec 31 • 2:04 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 25 | 0 | 0 | 0 |


