back

နှစ်သစ်ကူးအကြိုကာလ မန္တလေးသားငါးဈေးကွက်တွင် အမဲသားနှင့် ဝက်သားဈေးများ မြင့်တက်လာပြီး အရောင်းသွက်နေ

Dec 31 • 2:03 AM

breaking-news

မြန်မာ

မန္တလေး

cover

နှစ်သစ်ကူးအကြိုကာလ မန္တလေးသားငါးဈေးကွက်တွင် အမဲသားနှင့် ဝက်သားဈေးများ မြင့်တက်လာပြီး အရောင်းသွက်နေ

နှစ်သစ်ကူးအကြိုကာလတွင် မန္တလေးမြို့ပေါ်ဈေးများ၌ သားငါးဈေးနှုန်းများ အနည်းငယ်စီ မြင့်တက်လာရာ အမဲသားတစ်ပိဿာလျှင် ၄၄,၀၀၀ ကျပ်နှင့် ဝက်သားတစ်ပိဿာလျှင် ၄၂,၀၀၀ ကျပ်ဝန...

နှစ်သစ်ကူးအကြိုကာလတွင် မန္တလေးမြို့ပေါ်ဈေးများ၌ သားငါးဈေးနှုန်းများ အနည်းငယ်စီ မြင့်တက်လာရာ အမဲသားတစ်ပိဿာလျှင် ၄၄,၀၀၀ ကျပ်နှင့် ဝက်သားတစ်ပိဿာလျှင် ၄၂,၀၀၀ ကျပ်ဝန်းကျင်အထိ ပေါက်ဈေးရှိနေပြီး ကြက်သားနှင့် ကြက်ဥဈေးနှုန်းများမှာမူ အနည်းငယ် ပြန်လည်ကျဆင်းသွားကြောင်း သိရသည်။ ဈေးနှုန်းများ မြင့်တက်နေသော်လည်း နှစ်သစ်ကူးပွဲတော်အတွက် ဝယ်လိုအား မြင့်မားနေသောကြောင့် ဈေးဆိုင်အများစုတွင် နံနက်အစောပိုင်းကတည်းက ကုန်ပစ္စည်းပြတ်လပ်သည်အထိ အရောင်းအဝယ် ကောင်းမွန်နေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

news-view-count-icon

32