မြန်မာ့လက်ရွေးစင်ဂိုးသမား မျိုးမြမြငြိမ်းရဲ့ ဒဏ်ရာအခြေအနေက စစ်ဆေးကုသနေဆဲ ဖြစ်ပြီး အနားယူရမယ့် အချိန်ကာလကို လက်ရှိအချိန်အထိ အတည်မပြုနိုင်သေးကြောင်း သစ္စာအားမာန်အသင်းနည်းပြချုပ် ဦးမိုးကျော်ထွေးကအတည်ပြုပါတယ်။ မျိုးမြမြငြိမ်းဟာ မလေးရှားနဲ့ကစားခဲ့တဲ့ ဆီးဂိမ်းပွဲစဉ်မှာ ခြေကျင်းဝတ်ဒဏ်ရာရခဲ့တာဖြစ်ပြီး အုပ်စုနောက်ဆုံးပွဲဖြစ်တဲ့ ဗီယက်နမ်နဲ့ပွဲမှာလည်း ဒဏ်ရာကြောင့် လူစားလဲခဲ့ရပါတယ်။ လက်ရှိမှာတော့ မျိုးမြမြငြိမ်းဟာ လေ့ကျင့်မှုတွေ ပြုလုပ်နိုင်ခြင်းမရှိသေးဘဲ မိခင်ကလပ် သစ္စာအားမာန်အသင်းရဲ့ အမျိုးသမီးလိဂ်ပွဲစဉ်တွေကိုလည်း လွဲချော်နေပါတယ်။



