back

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ မယ်ပကျေးရွာရှိ စစ်ဆေးရေးဂိတ်တွင် လုံခြုံရေးတိုးမြှင့်စစ်ဆေးလျက်ရှိ

Dec 31 • 1:53 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ မယ်ပကျေးရွာရှိ စစ်ဆေးရေးဂိတ်တွင် လုံခြုံရေးတိုးမြှင့်စစ်ဆေးလျက်ရှိ

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ရှိ မယ်ပကျေးရွာတွင် တည်ရှိသော လုံခြုံရေးစစ်ဆေးရေးဂိတ်၌ ယနေ့ ဒီဇင်ဘာလ ၃၀ ရက် ညနေပိုင်းတွင် ယာဉ်အဝင်အထွက်များနှင့် ခရီးသွာ...

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ရှိ မယ်ပကျေးရွာတွင် တည်ရှိသော လုံခြုံရေးစစ်ဆေးရေးဂိတ်၌ ယနေ့ ဒီဇင်ဘာလ ၃၀ ရက် ညနေပိုင်းတွင် ယာဉ်အဝင်အထွက်များနှင့် ခရီးသွားလာသူများကို တာဝန်ရှိသူများက တိုးမြှင့်စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။ နှစ်သစ်ကူးကာလ နီးကပ်လာသည်နှင့်အမျှ နယ်စပ်ဒေသလုံခြုံရေးနှင့် တရားမဝင် ဝင်ရောက်မှုများအား တားဆီးနိုင်ရန်အတွက် မဲဆောက်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာလုံခြုံရေးအဖွဲ့များက အဆိုပါဂိတ်တွင် အထူးကြပ်မတ် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

news-view-count-icon

55