စင်ကာပူနိုင်ငံ၊ Bukit Batok Street 25 ရှိ အမှတ် (၂၈၈A) HDB တိုက်ခန်း၏ ၁၆ ထပ်မြောက် အခန်းတစ်ခန်းတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက် နံနက်ပိုင်းက လျှပ်စစ်ဝိုင်ယာရှော့ဖြစ်ရာမှတစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူတစ်ဦး ဆေးရုံသို့ ပို့ဆောင်လိုက်ရပြီး စုစုပေါင်း လူ ၂၄ ဦးကို ဘေးလွတ်ရာသို့ အရေးပေါ်ရွှေ့ပြောင်းပေးခဲ့ရသည်။ စင်ကာပူမြို့ပြကာကွယ်ရေးတပ်ဖွဲ့ (SCDF) က မီးကို အိပ်ခန်းအတွင်း၌သာ ကန့်သတ်ငြှိမ်းသတ်နိုင်ခဲ့သော်လည်း အပူရှိန်နှင့် မီးခိုးငွေ့များကြောင့် နေအိမ်တစ်ပြင်လုံး ပျက်စီးဆုံးရှုံးခဲ့ရပြီး အိမ်ပိုင်ရှင်ဖြစ်သူမှာလည်း လုပ်ငန်းသုံးပစ္စည်းများနှင့် အဖိုးတန်ပစ္စည်းများ ဆုံးရှုံးသွားမှုကြောင့် စိတ်ထိခိုက်လျက်ရှိကြောင်း သိရသည်။ ယခုဖြစ်စဉ်ကြောင့် နစ်နာသူတစ်ဦးမှာ မူးဝေဝေဒနာခံစားရသဖြင့် Ng Teng Fong အထွေထွေရောဂါကုဆေးရုံသို့ ပို့ဆောင်ထားရကာ၊ ကနဦးစစ်ဆေးချက်များအရ မီးလောင်မှုမှာ အိပ်ခန်းအတွင်းရှိ လျှပ်စစ်ဝိုင်ယာကြိုးများ ချို့ယွင်းမှုကြောင့် စတင်ခဲ့ခြင်းဖြစ်ကြောင်း Straitstimes သတင်းအရ သိရသည်။
စင်ကာပူ Bukit Batok ရှိ HDB တိုက်ခန်းတစ်ခန်း ဝိုင်ယာရှော့ဖြစ်ရာမှ မီးလောင်မှုဖြစ်ပွားပြီး လူ ၂၄ ဦးကို အရေးပေါ်ရွှေ့ပြောင်းခဲ့ရ
Dec 31 • 1:51 AM
စင်ကာပူ
ပြည်တွင်းသတင်း
မျှဝေမည်
| 12 | 0 | 0 | 0 |


