back

သန်လျင်ရှိ စွမ်းအင်ပြတိုက်အား စွမ်းအင်ဝန်ကြီးဌာန နှစ် (၄၀) ပြည့် အထိမ်းအမှတ်အဖြစ် အခမဲ့ ဖွင့်လှစ်ပြသ

Dec 31 • 1:49 AM

breaking-news

မြန်မာ

ရန်ကုန်

cover

သန်လျင်ရှိ စွမ်းအင်ပြတိုက်အား စွမ်းအင်ဝန်ကြီးဌာန နှစ် (၄၀) ပြည့် အထိမ်းအမှတ်အဖြစ် အခမဲ့ ဖွင့်လှစ်ပြသ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်ရှိ သန်လျင်ရေနံချက်စက်ရုံဝင်းအတွင်း၌ စွမ်းအင်ဝန်ကြီးဌာန နှစ် (၄၀) ပြည့် ပတ္တမြားရတုနှင့် စက်ရုံရာပြည့်အထိမ်းအမှတ်အဖြစ် စွမ်...

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်ရှိ သန်လျင်ရေနံချက်စက်ရုံဝင်းအတွင်း၌ စွမ်းအင်ဝန်ကြီးဌာန နှစ် (၄၀) ပြည့် ပတ္တမြားရတုနှင့် စက်ရုံရာပြည့်အထိမ်းအမှတ်အဖြစ် စွမ်းအင်ပြတိုက်ကို ဒီဇင်ဘာလ ၂၄ ရက်မှ စတင်၍ နေ့စဉ် နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ မည်သူမဆို အခမဲ့ လာရောက်လေ့လာနိုင်ရန် ဖွင့်လှစ်လိုက်သည်။ အဆိုပါပြတိုက်တွင် ပဒေသရာဇ်ခေတ်မှ ယနေ့ခေတ်အထိ မြန်မာ့စွမ်းအင်ကဏ္ဍ သမိုင်းကြောင်းများ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်မှု လုပ်ငန်းစဉ်များ၊ အသုံးပြုသည့် ကိရိယာတန်ဆာပလာများနှင့် စက်ရုံပုံစံငယ်များကို စနစ်တကျ ခင်းကျင်းပြသထားရာ အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများနှင့် စိတ်ပါဝင်စားသူများအတွက် တစ်နေရာတည်းတွင် ဗဟုသုတစုံလင်စွာ လေ့လာနိုင်မည့် အခွင့်အလမ်းတစ်ခု ဖြစ်ကြောင်း သိရသည်။

news-view-count-icon

43