back

ယူကရိန်းမှာ ရုရှား စစ်ရှုံးနိမ့်မှု အတိုင်းအတာ အရင်ကထက် ပိုမို မြန်ဆန်လာ

Dec 31 • 1:49 AM

breaking-news

မြန်မာ

ပြည်ပ

breaking-news
cover

ယူကရိန်းမှာ ရုရှား စစ်ရှုံးနိမ့်မှု အတိုင်းအတာ အရင်ကထက် ပိုမို မြန်ဆန်လာ

ပြီးခဲ့တဲ့ ၁၀ လအတွင်း ယူကရိန်း စစ်ပွဲမှာ ရုရှားရဲ့ ဆုံးရှုံးရမှုတွေဟာ ၂၀၂၂ ခုနှစ်မှာ စစ်ပွဲ စတင်ပြီး နောက်ပိုင်း အမြန်ဆန်ဆုံး ဖြစ်ကြောင်း ဘီဘီစီသတင်းဌာနရဲ့ လေ့လ...

ပြီးခဲ့တဲ့ ၁၀ လအတွင်း ယူကရိန်း စစ်ပွဲမှာ ရုရှားရဲ့ ဆုံးရှုံးရမှုတွေဟာ ၂၀၂၂ ခုနှစ်မှာ စစ်ပွဲ စတင်ပြီး နောက်ပိုင်း အမြန်ဆန်ဆုံး ဖြစ်ကြောင်း ဘီဘီစီသတင်းဌာနရဲ့ လေ့လာစိစစ်မှုက ဖော်ပြထားပါတယ်။အမေရိကန်သမ္မတ ဒေါ်နယ် ထရန့် အစိုးရရဲ့ ဖိအားပေးမှုနဲ့အတူ ၂၀၂၅ ခုနှစ်မှာ ငြိမ်းချမ်းရေး ရရှိဖို့ ကြိုးပမ်းတာတွေ ပိုများလာနေချိန် ရုရှား သတင်းရင်းမြစ်တွေမှာ ဖော်ပြထားတဲ့ စစ်သားတွေ အသုဘချမှုဟာ ပြီးခဲ့တဲ့ တစ်နှစ်ကထက် ၄၀ ရာခိုင်နှုန်း ပိုများလာတာ တွေ့ရပါတယ်။ယူကရိန်းမှာ ရုရှားဖက်က ဝင်ရောက် တိုက်ခိုက်ရင်း သေဆုံးသွားတဲ့ စစ်သား ၁၆၀,၀၀၀ နီးပါးရဲ့ နာမည်တွေကို ဘီဘီစီက အတည်ပြုထားပါတယ်။ရုရှားဖက်က အမှန်တကယ် သေဆုံးသူ အရေအတွက်ဟာ အများကြီး ပိုနိုင်တယ်လို့ ယုံကြည်ရပြီး ဘီဘီစီရဲ့ လေ့လာမှု စာရင်းဟာ စုစုပေါင်း သေဆုံးမှုရဲ့ ၄၅ ရာခိုင်နှုန်းကနေ ၆၅ ရာခိုင်နှုန်းလောက်ကိုပဲ ကိုယ်စားပြုနိုင်တယ်လို့ စစ်ရေး ကျွမ်းကျင်သူတွေက ပြောပါတယ်။သူတို့ ပြောဆိုပုံအရ တွက်ကြည့်မယ်ဆိုရင် ရုရှားရဲ့ စစ်သည်အင်အား ဆုံးရှုံးမှုဟာ ၂ သိန်းခွဲလောက်နေ ၃ သိန်းခွဲလောက်အထိ ရှိနေပြီ ဖြစ်ပါတယ်။


news-view-count-icon

17