back

ပဲခူးတွင် စပါးလက်ကျန်နည်းပါးမှုကြောင့် ဧည့်မထဆန်ဟောင်းနှင့် ဖွဲနုဈေးနှုန်းများ အနည်းငယ်မြင့်တက်လာ

Dec 31 • 1:48 AM

breaking-news

မြန်မာ

ပဲခူး

cover

ပဲခူးတွင် စပါးလက်ကျန်နည်းပါးမှုကြောင့် ဧည့်မထဆန်ဟောင်းနှင့် ဖွဲနုဈေးနှုန်းများ အနည်းငယ်မြင့်တက်လာ

ပဲခူးတိုင်းဒေသကြီးအတွင်း ဒီဇင်ဘာလ စတုတ္ထပတ်တွင် စပါးလက်ကျန်နည်းပါးပြီး ကြိတ်ခွဲမှု လျော့ကျသွားခြင်းကြောင့် ဧည့်မထ (မနောသုခ) ဆန်ဟောင်းနှင့် ဖွဲနုဈေးနှုန်းများ အန...

ပဲခူးတိုင်းဒေသကြီးအတွင်း ဒီဇင်ဘာလ စတုတ္ထပတ်တွင် စပါးလက်ကျန်နည်းပါးပြီး ကြိတ်ခွဲမှု လျော့ကျသွားခြင်းကြောင့် ဧည့်မထ (မနောသုခ) ဆန်ဟောင်းနှင့် ဖွဲနုဈေးနှုန်းများ အနည်းငယ် မြင့်တက်လာကြောင်း ပဲခူးကုန်စည်ဒိုင်စာရင်းများအရ သိရသည်။ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် မနောသုခဆန်ဟောင်းတစ်အိတ်လျှင် ၇၀,၀၀၀ ကျပ်အထိ ပေါက်ဈေးရှိလာပြီး ယခင်အပတ်ထက် ၅,၀၀၀ ကျပ်ခန့် မြင့်တက်လာသလို၊ ဖွဲနုဈေးမှာလည်း တစ်အိတ်လျှင် ၂၆,၇၀၀ ကျပ်အထိ အနည်းငယ် မြင့်တက်ခဲ့သော်လည်း မနောသုခဆန်သစ်နှင့် ပေါ်ဆန်းမွှေးဈေးနှုန်းများမှာမူ တည်ငြိမ်လျက်ရှိပြီး ဆန်ကွဲဈေးမှာ ဝယ်လိုအားနည်းသဖြင့် ပြန်လည်ကျဆင်းနေကြောင်း သိရသည်။

news-view-count-icon

22