back

စင်ကာပူနိုင်ငံ၏ ၂၀၂၆ ခုနှစ် တရားဝင်ရုံးပိတ်ရက် ၁၁ ရက်စာရင်း ထွက်ပေါ်လာပြီး ရက်ရှည်နားရက် ၆ ကြိမ်အထိ ရရှိမည်

Dec 31 • 1:38 AM

breaking-news

စင်ကာပူ

ပြည်တွင်းသတင်း

cover

စင်ကာပူနိုင်ငံ၏ ၂၀၂၆ ခုနှစ် တရားဝင်ရုံးပိတ်ရက် ၁၁ ရက်စာရင်း ထွက်ပေါ်လာပြီး ရက်ရှည်နားရက် ၆ ကြိမ်အထိ ရရှိမည်

စင်ကာပူအစိုးရ၏ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၀ ရက် ထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ်အတွင်း တရားဝင်ရုံးပိတ်ရက် စုစုပေါင်း ၁၁ ရက်ရှိပြီး ၎င်းအနက်မှ သောကြာနေ့ သို့မဟုတ် တနင်္လာနေ...

စင်ကာပူအစိုးရ၏ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၀ ရက် ထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ်အတွင်း တရားဝင်ရုံးပိတ်ရက် စုစုပေါင်း ၁၁ ရက်ရှိပြီး ၎င်းအနက်မှ သောကြာနေ့ သို့မဟုတ် တနင်္လာနေ့များနှင့် တိုက်ဆိုင်နေသည့် အားလပ်ရက်များကြောင့် သုံးရက်ဆက်တိုက်နားရမည့် ရက်ရှည်နားရက် (Long Weekends) ၆ ကြိမ်အထိ ရရှိမည်ဖြစ်ကြောင်း သိရသည်။ ဇန်နဝါရီ ၁ ရက် နှစ်သစ်ကူးနေ့မှ စတင်ကာ Chinese New Year၊ Good Friday၊ အလုပ်သမားနေ့၊ Vesak Day၊ National Day၊ Deepavali နှင့် ခရစ္စမတ်နေ့တို့ ပါဝင်ပြီး Vesak Day၊ National Day နှင့် Deepavali ပိတ်ရက်များသည် တနင်္ဂနွေနေ့များတွင် ကျရောက်သဖြင့် တနင်္လာနေ့များကို အစားထိုးပိတ်ရက်အဖြစ် သတ်မှတ်ပေးသွားမည်ဖြစ်သည်။ အားလပ်ရက်ကာလအတွင်း ခရီးသွားရန် စီစဉ်နေသူများအနေဖြင့် ကုန်ကျစရိတ်သက်သာစေရန် ကြိုတင် Booking ပြုလုပ်ထားသင့်သည့်အပြင် ဇန်နဝါရီလဆန်းပိုင်းတွင် McDonald’s ၏ အရုပ်သစ်များနှင့် Nike ၏ ရာသီကုန်အထူးလျှော့ဈေးပွဲတော်များလည်း ရှိနေသဖြင့် ဈေးဝယ်သူများအတွက် အခွင့်အရေးကောင်းများ ရှိနေကြောင်း သိရသည်။

news-view-count-icon

24